အာဆီယံအမျိုးသမီးယူ-၁၈ ချန်ပီယံရှစ် ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်ကို အရေးနိမ့်ခဲ့သည့် မြန်မာ

The MFF » Activities » အာဆီယံအမျိုးသမီးယူ-၁၈ ချန်ပီယံရှစ် ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်ကို အရေးနိမ့်ခဲ့သည့် မြန်မာ

August 2, 2022 / By Admin

အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘန်မြို့တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် အာဆီယံအမျိုးသမီးယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဩဂုတ် ၂ရက်က မြန်မာနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၄-၁ ဂိုးဖြင့် ဗီယက်နမ်အသင်းကို အရေးနိမ့်ခဲ့ပြီး ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ပါသည်။

မြန်မာအသင်းသည် မေဦးခင်(ဂိုး) ၊ နောက်တန်းတွင် ကြယ်စင်၊ ဖြူဖွေး၊ မေသက်မွန်မြင့်၊ ဖြူဖြူ၀င်း (အသင်းခေါင်းဆောင်)၊ အလယ်တန်းတွင် နှင်းပွင့်အေး၊ နန်းချိုမွှေး၊ ဝေဖူးအိမ်၊ ဟေမာန်စိုး၊ ရှေ့တန်းတွင် စုမြတ်နိုး၊ ဇင်မိုးပြည့် တို့ဖြင့် ၄-၄-၂ ကစားကွက်နှင့် ဗီယက်နမ်အသင်းကို ယှဉ်ပြိုင်ကစားခဲ့သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်သောကြောင့် နှစ်သင်းစလုံး ရေကုန်ရေခမ်းအကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗီယက်နမ်အသင်း၏ လျင်မြန်သော တန်ပြန်တိုက်စစ်မှတဆင့် ဂိုးများကို ခွင့်ပ​ြုခဲ့ရခြင်းဖြစ်သည်။ ပထမပိုင်းမိနစ် ၂၀ အထိ မြန်မာအသင်းက အဝေးကန်ချက်များဖြင့် ဗီယက်နမ်နောက်တန်းကို ခြိမ်းခြောက်နိုင်ခဲ့သော်လည်း ၂၇ မိနစ်တွင် ဦးဆောင်ဂိုး ခွင့်ပ​ြုလိုက်ရပြီးနောက် ဗီယက်နမ်အသင်း ကစားပုံပိုမိုကောင်းမွန်လာခဲ့ပြီး ၅၈မိနစ်၊ ၆၄မိနစ်နှင့် အချိန်ပို ၉၀+၁ မိနစ်တွင် ဂိုးများထပ်မံခွင့်ပ​ြုခဲ့ရသည်။ မြန်မာအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ပွဲချိန် ၈၁မိနစ်တွင် ဝေဖူးအိမ်က သွင်းယူပေးခဲ့သည်။

မြန်မာအသင်းသည် ဩစတြေးလျနှင့် ထိုင်း အသင်းတို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်မှ ရှုံးနိမ့်လာမည့် အသင်းနှင့် တတိယလုပွဲကို ဩဂုတ် ၄ရက် မြန်မာစံတော်ချိန် ညနေ၃နာရီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။