အာရှ ယူ-၂၀ ခြေစစ်ပွဲ ဒုတိယမြောက်ပွဲတွင် မြန်မာအသင်း ရူံးနိမ့်

The MFF » latest news » အာရှ ယူ-၂၀ ခြေစစ်ပွဲ ဒုတိယမြောက်ပွဲတွင် မြန်မာအသင်း ရူံးနိမ့်

September 13, 2022 / By Admin

၂၀၂၃ အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ် (2023 AFC U-20 Asian Cup Qualification) ပြိုင်ပွဲ​အုပ်စု(က) ဒုတိယ ပွဲစဉ်အဖြစ် မြန်မာ ယူ -၂၀ အသင်း နှင့် ဉဇဘက်ကစ္စတန် ယူ-၂၀ အသင်းတို့ မြန်မာစံတော်ချိန် စက်တင်ဘာ ၁၂ ၊ ည (၉း၄၅) နာရီတွင် ဆော်ဒီအာရေဗျနိုင်ငံ၊ Al Khobar မြို့ရှိ Prince Saud bin Jalawi ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဉဇဘက်ကစ္စတန် ယူ-၂၀ အသင်းက (၃-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းသည် ဟိန်းထက်စိုး(ဂိုး)၊ လတ်ဝေဘုန်း၊ လန်းဆန်းအောင်၊ ကောင်းထက်ပိုင်၊ ဇော်ဝင်းသိန်း၊ ထွန်းထွန်းသိန်း၊ တာရာဝင်းထက်၊ရဲရင့်ဖြိုး၊ သန်းတိုးအောင်၊ စွမ်းထက်၊ သိန်းဇော်သီဟတို့ဖြင့် ပွဲထွက်ခဲ့ပြီး ဉဇဘက်ကစ္စတန်အသင်းကို အကောင်းဆုံး ရင်ဆိုင်ခဲ့သော်လည်း ပွဲချိန် ပထမပိုင်းတွင် (၂-၀) ဂိုးဖြင့် ရူံးနိမ်ခဲ့သည်။

ပွဲချိန်(၉) မိနစ်တွင် Fomin က အဝေးကန်ချက်မှလည်းကောင်း၊ ပွဲချိန် (၂၅)မိနစ်တွင် Rahmatullayev က ပင်နယ်တီမှ လည်းကောင်း ဉဇဘက်ကစ္စတန်အသင်းအတွက် ဂိုးများသွင်းယူခဲ့ခြင်းဖြစ်ပါသည်။ ဉဇဘက်ကစ္စတန်အသင်းအတွက် တတိယမြောက်အနိုင်ဂိုးကို ပွဲချိန် (၉၀+၂) မိနစ်တွင် Jo raboyev က သွင်းယူခဲ့ခြင်းဖြစ်သည်။

အုပ်စု (က) အခြားပွဲစဉ်ဖြစ်သည့် အိမ်ရှင် ဆော်ဒီအာရေဗျနှင့် မော်လ်ဒိုက်အသင်းတို့ပွဲတွင် ဆော်ဒီအာရေဗျအသင်းက (၁၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

၂၀၂၃ အာရှ ယူ- ၂၀ နောက်ဆုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဉဇဘက်ကစ္စတန်မှာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ထား၍ ယင်းအသင်းနှင့်ကစားသည့် ရလဒ်များကို ထည့်သွင်း တွက်ချက်မည် မဟုတ်ဘဲ ဆော်ဒီအာရေဗျ၊ တရုတ်၊ မော်လ်ဒိုက်နှင့် မြန်မာအသင်းတို့ အုပ်စုပတ်လည် ကစားသည့် ရလဒ်ကိုသာ တွက်ချက်ကာ ခြေစစ်ပွဲ အောင်မည့်အသင်းကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။

အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်တွင် မြန်မာအသင်းသည် စက်တင်ဘာ ၁၆ ရက်တွင် ဆော်ဒီအာရေဗျ၊ စက်တင်ဘာ ၁၈ ရက်တွင် မော်လ်ဒိုက်အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို အသင်းပေါင်း (၄၄)သင်းက အုပ်စု ၁၀စုခွဲ၍ ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (၁၀) စုမှ အုပ်စုပထမ (၁၀)သင်းနှင့် အကောင်းဆုံး အုပ်စုဒုတိယ (၅)သင်းတို့ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

GROUP (A ) STANDING

PosTeamPldWDLGFGAGDPts
1 SAUDI ARABIA (H)1100110+113
2 CHINA110031+23
3 MYANMAR100113−20
4 MALDIVES1001011−110

ဉဇဘက်ကစ္စတန်မှာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ထား၍ ယင်းအသင်းနှင့်ကစားသည့် ရလဒ်များကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိပေ