အာရှဖလား ခြေစစ်ပွဲတွင် မြန်မာ အမျိုးသမီး ယူ-၁၇ အသင်း ရူံးနိမ့်

The MFF » latest news » အာရှဖလား ခြေစစ်ပွဲတွင် မြန်မာ အမျိုးသမီး ယူ-၁၇ အသင်း ရူံးနိမ့်

April 29, 2023 / By Admin

၂၀၂၄ အာရှအမျိုးသမီး ယူ-၁၇ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ၊ အုပ်စု (F)ဒုတိယပွဲအဖြစ် ဧပြီ ၂၈ရက် မြန်မာစံတော်ချိန် ည ၈:၃၀ နာရီတွင် ကာဂျစ္စတန်နိုင်ငံ၊ ဘစ်ရှ်ကက်မြို့၊ Dolen Omurzakov ကွင်း၌ အိန္ဒိယနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အိန္ဒိယအသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ အမျိုးသမီး ယူ-၁၇ အသင်းတွင် ပွဲထွက် ကစားသမားများအဖြစ် ဂိုး- သူဇာအောင်၊ နောက်တန်း- ယမင်းဖြူ၊ ယုယုနိုင်၊ မင်းမင်းနု၊ သဲအိလှိုင်၊ အလယ်တန်း-ဟန်နီမိုးလွင်၊ ကေသွယ်ဖြိုးဦး၊ ငြိမ်းငြိမ်းဖြိုး၊ခင်ဖုန်း၊ ရှေ့တန်း- ဇခါရိုရ်စီ၊ ယုယနိုင်တို့ ပါဝင်ကစားခဲ့ကြသည်။

ပွဲချိန်ပထမပိုင်းတွင် အိန္ဒိယအသင်းက အကောင်းပုံစံဖြင့် ကစားခဲ့ပြီး ဂိုးရရှိရေး မြန်မာအသင်းကို အကြိမ်ကြိမ် ဖိအားပေးခဲ့သည်။ မြန်မာ အသင်း ကွင်းလယ်ကစားသမား ခင်ဖုန်း၏ ပင်နယ်တီ ဧရိယာအတွင်း အပိုင်ကန်သွင်းချက် တိုင်ထိထွက်သွားခြင်းကလည်း ဦးဆောင်ဂိုး
ရရှိမည့် အခွင့်အရေး ဆုံးရူံးခဲ့ရသည်။

ပွဲချိန် ၂၇ မိနစ်နှင့် ၃၃ မိနစ်တို့တွင် Raul နှင့် Pooja တို့က အိန္ဒိယအသင်းအတွက် ဂိုးများသွင်းယူခဲ့ခြင်းကြောင့် ပထမပိုင်းအပြီးတွင် မြန်မာအသင်း (၂-၀) ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။

ပွဲချိန် ဒုတိယပိုင်းတွင် မြန်မာအသင်းသည် ကစားသမားအပြောင်းအလဲများ ပြုလုပ်၍ချေပဂိုးရရှိရေး အိန္ဒိယအသင်းကို ဖိအားပေးတိုက်
စစ်ဆင်ခဲ့သည်။ ပွဲချိန် ၇၆ မိနစ်တွင် ယမင်းဖြူက ဖရီးကစ်မှတစ်ဆင့် မြန်မာအသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့သည်။

သို့သော် ထပ်ဆောင်းအချိန်ပိုတွင် အိန္ဒိယ ကစားသမားများနှင့် အချင်းများမှုကြောင့် မြန်မာကစားသမားနှစ်ဦး ထုတ်ပယ်ခံရပြီး ပွဲအပြီးတွင် အိန္ဒိယအသင်းက (၂-၁)ဂိုးဖြင့် အနိုင်ရကာ ပထမအဆင့် ခြေစစ်ပွဲအောင်မြင်ခဲ့သည်။

Gallery