AFC Futsal Coaching Certificate Course – Level 1 သင်တန်းဆင်းပွဲကျင်းပ

The MFF » Activities » AFC Futsal Coaching Certificate Course – Level 1 သင်တန်းဆင်းပွဲကျင်းပ

May 20, 2023 / By Admin

အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC Futsal Coaching Certificate Course – Level 1 သင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၂၀ ရက် ညနေပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ သင်တန်းနည်းပြများ ဖြစ်သော ဦးတင်မောင်ဌေးနှင့် ဦးဌေးမြင့်၊ သင်တန်းသားများ၊ ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်နှင့် သင်တန်းနည်းပြ ဦးတင်မောင်ဌေးတို့က သင်တန်းဆင်း အမှတ်တရ စကားများ ပြောကြားခဲ့ပြီး သင်တန်းသား သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။ ထို့နောက် သင်တန်းသား တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

AFC Futsal Coaching Certificate Course – Level 1 သင်တန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် မေ ၁၅ မှ ၂၀ ရက်အထိ ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား ၁၇ ဦးနှင့် သင်တန်းသူ ၂ ဦး တက်ရောက်ခဲ့ကြသည်။