June 12, 2023 / By Admin
မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် မိုက်ကယ် (Michael Feichtenbeiner) သည် တရုတ်၊ မကာအို အသင်းများနှင့် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲ သွားရောက်ယှဉ်ပြိုင် ကစားရန် ကစားသမား ၂၄ ဦးပါဝင်သည့် မြန်မာ့လက်ရွေးစင် အသင်း လူစာရင်းကို ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ကစားသမား စာရင်းတွင် ဒဏ်ရာကြောင့် ရှေ့တန်းကစားသမား အောင်သူ ပါဝင်နိုင်ခြင်း မရှိပေ။ မြန်မာ့လက်ရွေးစင် အသင်းသည် ယနေ့ ဇွန်လ ၁၂ ရက်၊ မြန်မာစံတော်ချိန် ည(၉း၃၀)နာရီတွင် ခြေစမ်းပွဲများ ကစားမည့် တရုတ်နိုင်ငံ ဒါလီယန်းမြို့သို့ ထွက်ခွာမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းသည် တရုတ်နိုင်ငံ ဒါလီယန်းမြို့တွင် တရုတ်လက်ရွေးစင် အသင်းနှင့် ဇွန်လ (၁၆)ရက်၊ မကာအို လက်ရွေးစင် အသင်းနှင့် ဇွန်လ (၁၉)ရက်တို့တွင် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲများ ကစားမည်ဖြစ်ပြီး တရုတ်လက်ရွေးစင် အသင်းနှင့် ပွဲစဉ်အား ပြည်တွင်းရုပ်သံလိုင်းများမှ ပြသရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့အချုပ်မှ ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင် အသင်းလူစာရင်း
- ဂိုး – ပြည့်ဖြိုးသူ (ရတနာပုံအက်ဖ်စီ)၊ ကျော်ဇင်ဖြိုး (ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင် (ရန်ကုန် ယူနိုက်တက်)။
- နောက်တန်း – ဇွဲခန့်မင်း၊ ရဲမင်းသူ၊ နန္ဒကျော်၊(ရှမ်းယူနိုက်တက်)၊ ဟိန်းဖြိုးဝင်း (Ratchaburi)၊ သက်ဟိန်းစိုး (ရတနာပုံအက်ဖ်စီ)၊ ဟိန်းဇေယျာလင်း (ရန်ကုန်ယူနိုက်တက်)၊ သီဟထက်အောင် (ရခိုင် ယူနိုက်တက်)။
- အလယ်တန်း – ဝေလင်းအောင် (ဒဂုံစတား)၊ ရန်နိုင်ဦး (ရန်ကုန်ယူနိုက်တက်)၊ ကျော်မင်းဦး (PDRM)၊ လွင်မိုးအောင် (Rayoung FC)၊ မောင်မောင်လွင် (Lamphun Warriors)၊ ဟိန်းထက်အောင် (Selangor FC)၊ ဇော်ဝင်းသိန်း (ရန်ကုန်ယူနိုက်တက်)၊ မြတ်ကောင်းခန့်၊ ထက်ဖြိုးဝေ (ရှမ်းယူနိုက်တက်)၊ ငြိမ်းချမ်းအောင်။
- ရှေ့တန်း – စည်သူအောင် (Ayutthaya UTD)၊ အောင်ကောင်းမာန် (Chonburi FC)၊ ဝင်းနိုင်ထွန်း (Borneo)၊ သန်းပိုင်။

နည်းပြ/အုပ်ချုပ် အဖွဲ့
- TEAM MANAGER – ဦးရဲမျိုးထွန်း (SHAN UNITED)
- TEAM SECRETARY- ဦးထွန်းထွန်းအောင်
- HEAD COACH – MICHAEL FEICHTENBEINER
- ASSISTANT COACHES – ဦးမျိုးလှိုင်ဝင်း၊ ဦးဇော်ဝင်းထွန်း၊ LORENZ BAUMANN
- GK COACHES – ဦးကိုကိုအောင်၊ MIKE ANDRE KOST
- FITNESS COACH- RICHARD ARIF HORLOCK
- TEAM DOCTOR- ဒေါက်တာ ဖြိုးသက်လှိုင်ဝင်း
- MEDIA OFFICER- ဦးဇော်မင်းထိုက်
- VIDEOGRAPHER – ဦးဇာနည်အုဏ်းခင်
- PHYSIOTHERAPIST- ဦးသူရတိုး
- KIT MANAGER-ဦးအောင်ကျော်လင်း