Continental Futsal Championship 2023 အဖွင့်ပွဲတွင် မြန်မာအသင်း ထိုင်းအသင်းကို ရှုံးနိမ့်

The MFF » Activities » Continental Futsal Championship 2023 အဖွင့်ပွဲတွင် မြန်မာအသင်း ထိုင်းအသင်းကို ရှုံးနိမ့်

August 7, 2023 / By Admin

Continental Futsal Championship 2023 ပြိုင်ပွဲ အုပ်စု (က) အဖွင့်ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသော မြန်မာအသင်းနှင့် ထိုင်းအသင်းနှင့် ပွဲစဉ်တွင် မြန်မာအသင်းအနေဖြင့် ထိုင်းအသင်းကို (၅-၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ထိုင်းအသင်းအတွက် ဂိုးများကို ပထမိုင်းတွင် တစ်ဂိုး၊ ဒုတိယပိုင်းတွင် လေးဂိုးသွင်းယူခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းအနေဖြင့် အခွင့်အရေး အချို့ ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့သောကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

ပွဲအပြီးတွင် မြန်မာအသင်းနည်းပြချုပ် Bunlert Charoenwong က “ပထမပိုင်းမှာ ကစားသမားတွရဲ့ကစားပုံက ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ အာရုဏ်စိုက်မှု‌ ‌‌‌‌လျော့ခဲ့တယ်။ ကျွန်တော်တို့က အာရှခြေစစ်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ပြီး ဒီပြိုင်ပွဲမှာ နောက်တစ်ဆင့် တက်ဖို့အတွက် မနက်ဖြန်ကစားမယ့် ဆော်လမွန် အသင်းနဲ့ပွဲစဉ်ကို အနိုင်ရဖို့ကြိုးစားပါမယ်” ဟု ပြောကြားခဲ့သည်။

မြန်မာအသင်းသည် အုပ်စု (က)၏ ဒုတိယမြောက်ပွဲစဉ်အဖြစ် ဩဂုတ် ၈ ရက်တွင် ဆော်လမွန် ကျွန်းစု အသင်းနှင့် မြန်မာစံတော်ချိန် ည ၇:၀၀ အချိန်တွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။