September 1, 2023 / By Admin
AFC Futsal Level -1 COACHING CERTIFICATE COURSE သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက သုဝဏ္ဏ ကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ဖူဆယ်နှင့် သဲသောင်ပြင် ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ သင်တန်းနည်းပြ ဦးတင်မောင်ဌေး၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဖူဆယ်နှင့် သဲသောင်ပြင် ဒုတိယ ဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ သင်တန်းနည်းပြ ဦးတင်မောင်ဌေး တို့က အဖွင့်အမှာ စကား အသီသီးပြောကြားခဲ့ကြပြီး အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
AFC Futsal Level -1 COACHING CERTIFICATE COURSE သင်တန်းကို စက်တင်ဘာ ၁ ရက်မှ ၆ ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်ပြီး သင်တန်းသား ၁၃ ဦး သင်တန်းသူ ၂ ဦး တက်ရောက်လျက်သည်။