အောက်မြန်မာပြည်ဇုန် ဒုတိယအကျော့ အတွက် ကစားသမားများ အသက်စစ်ဆေးခြင်း ပြုလုပ်

The MFF » Youth Development » MFF U15 Youth League 2023 » အောက်မြန်မာပြည်ဇုန် ဒုတိယအကျော့ အတွက် ကစားသမားများ အသက်စစ်ဆေးခြင်း ပြုလုပ်

September 14, 2023 / By Admin

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် FIFA – MFF U 15 YOUTH LEAGUE 2023 အောက်မြန်မာပြည်(ရန်ကုန်ဇုန်) ပြိုင်ပွဲ၏ ဒုတိယ အကျော့အတွက် မှတ်ပုံတင် အသစ်တင်ရှိထားသည့် ပြိုင်ပွဲဝင် အသင်းများမှ ထပ်တိုး ကစားသမားများအား အသက်စစ်ဆေးခြင်းကို စက်တင်ဘာ ၁၄ရက်က အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)တွင် ပြုလုပ်ခဲ့ပါသည်။

ကစားသမားများအား အသက်စစ်ဆေးခြင်းကို ဦးဝင်းသူမိုး (ပြိုင်ပွဲ တာဝန်ခံ၊ အောက်မြန်မာပြည်)၊ ဦးမိုးသွင်ထွန်း (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ အထွေထွေ အတွင်းရေးမှူးရုံး တာဝန်ခံ)၊ ဒေါက်တာ ကျော်သန့်ဇင်(မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဆေးဘက်ဆိုင်ရာ တွဲဘက်တာဝန်ခံ)၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်သည့် အသက်စိစစ်ရေးအဖွဲ့နှင့် ပြိင်ပွဲဝင်အသင်းများမှ တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

FIFA – MFF U 15 YOUTH LEAGUE 2023 အောက်မြန်မာပြည်(ရန်ကုန်ဇုန်) ပြိုင်ပွဲ၏ ဒုတိယအကျော့ ပွဲစဉ်ကို စက်တင်ဘာ ၁၆ ရက်တွင် ကျင်းပသွားမည် ဖြစ်ပါသည်။

FIFA – MFF U 15 YOUTH LEAGUE 2023 အောက်မြန်မာပြည်(ရန်ကုန်ဇုန်) ပထမအကျော့ပြိုင်ပွဲအပြီးတွင်ပြိုင်ပွဲဝင် အသင်းများမှ နည်းပြ ဆရာများ၏ အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်စေရန် ရည်ရွယ်၍ FIFA – MFF U15 LEAGUE Coach Refresher Course သင်တန်းကို စက်တင်ဘာ ၇ မှ ၉ ရက်အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား ၂၁ ဦး တက်ရောက်ခဲ့ပါသည်။