October 4, 2023 / By Admin
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် MFF Newly Referee Course 2 /2023 သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းရှိ သတင်းစာ ရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဒိုင်ဌာန တာဝန်ခံဦးလှမင်းနှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင် တို့က အဖွင့်အမှာ စကားပြောကြားခြင်း၊ သင်တန်းသား သင်တန်းသူများနှင့် တစ်ဦးချင်းမိတ်ဆက်ခြင်း၊ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
MFF Newly Referee Course 2/2023 သင်တန်းကို အောက်တိုဘာ ၄ မှ ၁၀ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ သင်တန်းသား ၇ ဦးနှင့် သင်တန်းသူ ၁၀ ဦး စုစုပေါင်း ၁၇ဦး တက်ရောက်မည်ဖြစ်သည်။