အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် အာရှယူ-၁၉ ခြေစစ်ပွဲ ဖြစ်ရပ်များကြောင့် AFC စည်း/ထိန်း ကော်မတီ မှ MFF အား ဒဏ်ငွေနှင့် ကွင်းပိတ် ပြစ်ဒဏ်များ ချမှတ်
October 24, 2015MNL တန်းဆင်းရမည့် အန္တာရယ်မှ လွတ်မြောက်သွားမှာ မနောမြေလား၊ ရခိုင်လား၊ နေပြည်တော်လား (သို့မဟုတ်) တစ်နှစ်ထက် တစ်နှစ်ပို၍ ပြိုင်ဆိုင်မှု ပြင်းထန်လာသည့် MNL
October 26, 2015မန္တလေးတိုင်း ဒေသကြီး အသင်းနှင့် ချင်းပြည်နယ် အသင်းတို့ ယှဉ်ပြိုင်နေစဉ်။ ဓာတ်ပုံ – MFF
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် 100 Plus တို့ ပူးပေါင်းကျင်းပသည့် MFF U13 Girls 100 Plus Super Cup 2015 ဘောလုံး ပြိုင်ပွဲကို အောက်တိုဘာ ၂၄ ရက်က စ၍ ရန်ကုန်မြို့ရှိ စလင်းကွင်းနှင့် ပဒုမ္မာ ကွင်းများတွင် ကျင်းပလျှက် ရှိရာ ဒုတိယနေ့ ပွဲစဉ်များ အပြီးတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ နေပြည်တော်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး အသင်းများမှာ ရာနှုန်းပြည့် နိုင်ပွဲများ ရယူထားနိုင်ခဲ့သည်။
ပြည်နယ်နှင့်တိုင်း ဒေသကြီး အသီးသီးမှ ပြိုင်ပွဲဝင် အသင်းပေါင်း ၁၈ သင်း ပါဝင်ယှဉ်ပြိုင်လျှက် ရှိရာ အဆိုပါ အသင်းများကို အုပ်စု လေးစုခွဲ၍ အုပ်စုပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင် ကစားစေခြင်း ဖြစ်ပြီး တစ်အုပ်စုလျှင် ၂ သင်း တက်ရောက်ခွင့်ရမည် ဖြစ်သည်။ သို့ဖြစ်ရာ ပွဲစဉ် ၂ ပွဲကစားပြီးချိန်၌ ရာနှုန်းပြည့် နိုင်ပွဲ ရရှိထားသည့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ဧရာဝတီ တိုင်းဒေသကြီး အသင်းမျာမှာ ကွာတားဖိုင်နယ်သို့ တက်ရောက် နိုင်ရန် အခြေအနေ ကောင်းလျှက် ရှိသည်။
အုပ်စုပွဲစဉ်များကို အောက်တိုဘာ ၂၈ ရက်ထိ ကျင်းပသွားမည် ဖြစ်ပြီး ကွာတားဖိုင်နယ် ပွဲစဉ်များကို အောက်တိုဘာ ၂၉ တွင်လည်းကောင်း၊ ဆီမီးဖိုင်နယ် ပွဲများကို အောက်တိုဘာ ၃၀ တွင် လည်းကောင်း၊ ဖိုင်နယ်ပွဲစဉ်ကို နိုဝင်ဘာ ၁ တွင်လည်းကောင်း အသီးသီး ကျင်းပသွားမည် ဖြစ်သည်။
ယနေ့ ၂၆.၁၀.၁၅ နံနက်ပိုင်းထိ ယှဉ်ပြိုင် ကစားခဲ့ပြီးသည့် ပွဲစဉ်များနှင့် ရလဒ်များ
၂၄.၁၀.၁၅
ရှမ်း(တောင်) ၂ – ၁ ပဲခူး (အနောက်)
ရခိုင် ပြည်နယ် ၀ – ၇ ဧရာဝတီ
ကချင် ပြည်နယ် ၀ – ၆ ရန်ကုန်တိုင်း
မန္တလေးတိုင်း ၆ – ၀ ချင်းပြည်နယ်
ကရင်ပြည်နယ် ၃ – ၀ ရှမ်း(အရှေ့)
ပဲခူး (အရှေ့) ၆ – ၀ မွန်ပြည်နယ်
ရှမ်းမြောက် ၀ – ၇ စစ်ကိုင်းတိုင်း
နေပြည်တော် ၅ – ၀ တနင်္သာရီတိုင်း
၂၅.၁၀.၁၅
ကယားပြည်နယ် ၁ – ၁ ပဲခူး (အနောက်)
ရခိုင် ပြည်နယ် ၁ – ၁ မွန်ပြည်နယ်
မကွေးတိုင်း ၀ – ၇ ရန်ကုန်တိုင်း
မန္တလေးတိုင်း ၈ – ၀ တနင်္သာရီတိုင်း
ရှမ်းတောင် ၀ – ၀ ကရင်ပြည်နယ်
ဧရာဝတီတိုင်း ၄ – ၁ ပဲခူး (အရှေ့)
ကချင်ပြည်နယ် ၁ – ၁ ရှမ်း(မြောက်)
ချင်းပြည်နယ် ၀ – ၁၁ နေပြည်တော်
၂၆.၁၀.၁၅
ရှမ်း (အရှေ့) ၀ – ၅ ကယားပြည်နယ်
ပဲခူး (အရှေ့) ၂ – ၀ ရခိုင်ပြည်နယ်
ပဲခူး (အနောက်) ၃ – ၀ ကရင်ပြည်နယ်
မွန်ပြည်နယ် ၀ – ၁၂ ဧရာဝတီတိုင်း