
တရုတ် ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာဖူဆယ် အသင်း တတိယရရှိ
December 21, 2015
မြန်မာဘောလုံး အကယ်ဒမီ( ရန်ကုန်) ပန္နက်ရိုက်ပွဲ မင်္ဂလာ အောင်မြင်စွာ ကျင်းပပြီးစီး
December 29, 2015မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)နှင့် 100 PLUS တို့ပူးပေါင်းကျင်းပသည့် MFF 100PLUS U14 Boys Super Cup 2015 ပြိုင်ပွဲ ပွဲစဉ်ဇယား ရေးဆွဲခြင်းနှင့် သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁း၀၀)နာရီက MFF အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲအား အကယ်ဒမီ အသင်းများဖြစ်ကြသည့် မန္တလေး ဘောလုံးအကယ်ဒမီ (က)နှင့်(ခ)၊ ဇွဲကပင် ယူနိုက်တက် ဘောလုံး အသင်း အကယ်ဒမီ (က)နှင့်(ခ)၊ တပ်မတော် ဘောလုံး အကယ်ဒမီ၊ ရတနာပုံ ဘောလုံး အကယ်ဒမီ၊ ရန်ကုန် ဘောလုံး အကယ်ဒမီနှင့် ဧရာဝတီ ဘောလုံး အကယ်ဒမီ စသည့် အသင်း(၈)သင်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ကစားသမား များအားလုံး အသက် (၁၄)နှစ်အောက် ကစားသမားများ ဖြစ်ကြကာ အသက်မှန်ကုန်မှု ရှိစေရန် စနစ်တကျ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
အခမ်းအနားတွင် ပွဲစဉ်ဇယား ရေးဆွဲမှုအရ အုပ်စု(က)တွင် မန္တလေး ဘောလုံး အကယ်ဒမီ (က)၊ တပ်မတော် ဘောလုံးအကယ်ဒမီ၊ ဧရာ ဝတီ ဘောလုံး အကယ်ဒမီ၊ ဇွဲကပင် ဘောလုံး အကယ်ဒမီ(က) အသင်းများ ပါဝင်ပြီး အုပ်စု(ခ)တွင် ဇွဲကပင် အကယ်ဒမီ (ခ)၊ ရတနာပုံ အကယ်ဒမီ၊ မန္တလေးအကယ်ဒမီ၊ ရန်ကုန်ယူနိုက်တက် အကယ်ဒမီ တို့ကျရောက်ခဲ့သည်။
ပြိုင်ပွဲအား ၂၀၁၅ ဒီဇင်ဘာ ၂၆ မှ ၃၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကာ တန်ဖိုးအရှိဆုံး ကစားသမားဆု ကိုလည်း ရွေးချယ်ပေး အပ်သွား မည်ဖြစ်သည်။ ထူးချွန်သည့် ကစားသမားများကို မြန်မာ့လက်ရွေးစင် လူငယ် အသင်းများ အတွက် ပြုစုပျိုးထောင်သွားမည် ဖြစ်ကာ သြစတြေးလျ နည်းပြ အဲရစ်ဝီလျံ၏ တာဝန်ယူကိုင်တွယ်မှုဖြင့် ဖီဖာ ယူ၁၇ ကမ္ဘာ့ ဖလား ခြေစစ် ပွဲအောင်မြင်မှု ရရှိရန် အသင်းကောင်း တစ်သင်းအဖြစ် ကြိုးပမ်းတည်ဆောက် သွားမည်ဖြစ်သည်။ ပြိုင်ပွဲကာလအတွင်း Scouting Team ထားရှိပြီး ကစားသမား ရွေးချယ်မှု များ ပြုလုပ်သွား မည်ဖြစ်သည်။
ပွဲစဉ်ဇယား ရေးဆွဲခြင်း အခမ်းနားသို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးများ ဖြစ်သည့် ဦးတင်မြင့်အောင်နှင့်ဦးကိုကိုသိန်း၊ အသင်းမန်နေဂျာများနှင့် ဌာနခွဲတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။ ယင်းအခမ်းအနား အပြီးတွင် သတင်းစာရှင်းလင်းပွဲ ဆက်လက် ကျင်းပရာ မီဒီယာများ မေးမြန်းမှုကို MFF အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်၊ ပြိုင်ပွဲပံ့ပိုးကူညီသူ 100 PLUS မှ Brand Manager မဇင်ထားလဲ့ တို့က အသီးသီး ဖြေကြားရှင်းလင်းခဲ့သည်။
