
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဒိုင်သင်တန်းများ အခမဲ့ ဖွင့်လှစ်ပါမည်။
May 9, 2025
Training Actions! Myanmar National Team
May 26, 2025မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ မန္တလေးနှင့် ရန်ကုန်မြို့ရှိ အကယ်ဒမီများအတွက် ၂၀၂၅-၂၆ ပညာသင်နှစ် ကျောင်သားသစ်များ ရွေးချယ်ခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မတ်လမှ စတင်ကာ ကျင်းပပြုလုပ်လျက်ရှိသည်။ ဂျပန်နိုင်ငံသား နည်းစနစ်ဒါရိုက်တာ မိတနှင့် နည်းစနစ်ဌာန၊ နည်းပြများ၊ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များ ပါဝင်သည့် ရွေးချယ်ရေး အဖွဲ့များသည် ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃ ခုနှစ်ဖွား ပဏာမ ကစားသမား စုစုပေါင်း ၁၃၀၀ ကျော်အား အဖွဲ့များ စေလွှတ်၍ အဆင့်ဆင့် ရွေးချယ်ခဲ့သည်။
ယနေ့ မေလ ၁၀ ရက်တွင် နောက်ဆုံးအဆင့် ကစားသမား ရွေးချယ်ပွဲသို့ တက်ရောက်ရွေးချယ်ခွင့် ရရှိမည့် ကစားသမား စာရင်းအား ရွေးချယ်ရေးအဖွဲ့မှ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။
ပဏာမ ရွေးချယ်ခံထားရသည့် အထက်ပါကစားသမားများ အနေဖြင့် နောက်ဆုံးအဆင့် ရွေးချယ်ပွဲများအား ဆက်လက်ပါဝင် ရွေးချယ်မှု ခံယူရမည် ဖြစ်သည်။ နောက်ဆုံးအဆင့် ရွေးချယ်ပွဲများအား အောက်ပါအတိုင်း ပြုလုပ်မည် ဖြစ်ရာ ကစားသမားများ အနေဖြင့် အချိန်မီ လာရောက်ရွေးချယ်မှု ခံယူရမည် ဖြစ်ပါသည်။
နောက်ဆုံးအဆင့် ရွေးချယ်ပွဲများ
ယူ(၁၂) အဆင့်
၂၀၂၅ မေလ ၁၃ ရက်၊ နံနက် (၇း၀၀)နာရီ၊ သုဝဏ္ဏလေ့ကျင့်ရေးကွင်း(၁)၊ ရန်ကုန်
ယူ(၁၃) အဆင့်
၂၀၂၅ မေလ ၁၄ ရက်၊ နံနက် (၇း၀၀)နာရီ၊ သုဝဏ္ဏလေ့ကျင့်ရေးကွင်း(၁)၊ ရန်ကုန်
ယူ(၁၄) အဆင့်
၂၀၂၅ မေလ ၁၅ ရက်၊ နံနက် (၇း၀၀)နာရီ၊ သုဝဏ္ဏလေ့ကျင့်ရေးကွင်း(၁)၊ ရန်ကုန်




