
AYA Bank Cup 2016 ပြိုင်ပွဲအတွက် ဗီယက်နမ် လက်ရွေးစင် အသင်း ပဏာမ လူစာရင်း ထုတ်ပြန်
May 24, 2016
အကြိတ်အနယ် ကစားပြီး မြန်မာနှင့် မလေးရှားတို့ သရေကျ
May 28, 2016မြန်မာကဲ့သို့ တောင့်တင်းသည့် အသင်းကောင်း တစ်သင်းနှင့် ခြေစမ်းရခြင်းက ဇွန်လအတွင်း ကစားရမည့် အာရှဖလား Play-off ပွဲအတွက် အရေးပါကြောင်း မလေးရှား အသင်း နည်းပြချုပ် အွန်ကင်ဆွီးက မလေးရှား မီဒီယာ တစ်ခုဖြစ်သည့် မလေးမေးလ်အွန်လိုင်း သို့ ပြောကြားသည်။
မြန်မာအသင်းနှင့် မလေးရှား အသင်းတို့သည့် လာမည့် မေလ ၂၈ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲ တစ်ရပ် ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။ မလေးရှား အသင်းသည် ယင်းခြေစမ်းပွဲ အပြီး ဇွန်လ ၂ ရက်နှင့် ၇ ရက် များတွင် အာရှဖလား ခြေစစ်ပွဲ ဒုတိယအဆင့်သို့ ဝင်ရောက်ခွင့် ရမည့် Play-off ပွဲစဉ် အဖြစ် အရှေ့တီမော အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
အွန်ကင်ဆွီးက “မြန်မာအသင်းနဲ့ ခြေစမ်းပွဲက တီမောနဲ့ ပွဲအတွက် အသင်းရဲ့ နည်းဗျူဟာတွေကို စမ်းသပ်ဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်ပါတယ်။ ဒီပွဲက ကျွန်တော်တို့ အသင်းအတွက် တစ်ကယ် အရေးပါတဲ့ ပွဲပါ”ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ မလေးရှား အသင်းသည် မြန်မာအသင်းနှင့် ခြေစမ်းပွဲ၊ တီမောအသင်းနှင့် Play-off ပွဲများအတွက် ယနေ့ (မေ ၂၄)တွင် လေ့ကျင့်မှုများ စတင် ပြုလုပ်နေပြီ ဖြစ်သည်။
မြန်မာနှင့် မလေးရှားတို့သည် ဒေသတွင်း ပြိုင်ဘက်အသင်းများ ဖြစ်သည်နှင့် အညီ လက်ရွေးစင် အဆင့်နှင့် သက်တမ်းအလိုက် ပြိုင်ပွဲမျိုးစုံတွင် မကြာခဏ တွေ့ဆုံနေကြ အသင်းများ ဖြစ်ပြီး လက်ရွေးစင် အဆင့် နောက်ဆုံး တွေ့ဆုံမှု အဖြစ် ၂၀၁၄ ခုနှစ် နိုဝင်ဘာလက ဆူဇူကီးဖလား ပြိုင်ပွဲတွင် တွေ့ဆုံခဲ့ကြရာ ဂိုးမရှိ သရေကျခဲ့သည်။
မြန်မာ့ လက်ရွေးစင် အသင်းအနေဖြင့်လည်း လာမည့် ဇွန်လ ၃ ရက်မှ ၆ ရက်ထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ကျင်းပပြုလုပ်သွားမည့် AYA Bank Cup 2016 ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲအကြို ပြင်ဆင်မှု အဖြစ် မလေးရှား အသင်းနှင့် ခြေစမ်း ကစားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ AYA Bank Cup 2016 ဘောလုံး ပြိုင်ပွဲသို့ ဒေသတွင်း ဘောလုံး အင်အားကြီး နိုင်ငံများ ဖြစ်သည့် ဗီယက်နမ်၊ စင်ကာပူ အသင်းများ အပြင် အာရှ အသင်းကောင်း တစ်သင်း ဖြစ်သည့် ဟောင်ကောင် အသင်းတို့ လာရောက် ယှဉ်ပြိုင် ကြမည် ဖြစ်သည်။
မြန်မာအသင်းနှင့် မလေးရှား အသင်းတို့၏ ခြေစမ်းပွဲကို လာမည့် မေလ ၂၈ ညနေ ၆း၀၀ တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပသွားမည် ဖြစ်ပြီး လက်မှတ် ဈေးနှုန်းများကို အထူးတန်း ၁၀၀၀ ကျပ်၊ ရိုးရိုးတန်း ၅၀၀ ကျပ် သတ်မှတ်ထားသည်။ မလေးရှား အသင်းသည် ရန်ကုန်မြို့သို့ မေ ၂၇ တွင် ရောက်ရှိလာမည် ဖြစ်ပြီး ယင်းနေ့ မွန်းလွဲ ၂း၀၀ နာရီတွင် သုဝဏ္ဏကွင်းရှိ သတင်းစာ ရှင်းလင်းပွဲ ခန်းမ၌ ပွဲကြို သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်မည် ဖြစ်သည်။