
ဖူဆယ်စတုထ္ထနေ့ပွဲစဉ်အပြီး လာအိုကလပ်နှင့် မြန်မာအမျိုးသမီးအသင်း အုပ်စုအဆင့်မှ ထွက်ခဲ့ရ
July 13, 2016
အင်ဒိုနီးရှားကလပ်အသင်းနှင့် တတိယလုမည့် MIC အသင်း
July 14, 2016AFF Myanmar Futsal Club Championship 2016 အမျိုးသမီး အုပ်စုနောက်ဆုံးပွဲစဉ်များကို ဇူလိုင် ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့ပြီး လက်ရှိချန်ပီယံ ဗီယက်နမ်ကလပ် ထိုင်ဆောင်နမ်အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ထိုင်းကလပ် ခွန်ခမ်အသင်းကို ရှုံးနိမ့်ခဲ့၍ ဗိုလ်လုပွဲသို့ တက်ရောက်ခွင့် လွဲချော်ခဲ့ရသည်။
အုပ်စုနောက်ဆုံးပွဲစဉ်တွင် ထိုင်ဆောင်နမ်အသင်းသည် ခွန်ခမ်အသင်းကို ၃-၀ ဂိုးဖြင့် ဦးဆောင်ကစားနိုင်ခဲ့သော်လည်း ခွန်ခမ် အသင်း၏ နောက်ကျချေပဂိုးများကြောင့် ပွဲအပြီး၌ ၄-၃ ဂိုးဖြင့် ပြန်လည်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ခွန်ခမ်အသင်းသည် ဗိုလ်လုပွဲအဖြစ် ဇူလိုင် ၁၆ ရက် ညနေ ၄း၃၀ အချိန်တွင် အင်ဒိုနီးရှားကလပ် ဂျာရာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အမျိုးသမီးပြိုင်ပွဲ၏ တတိယနေရာလုပွဲကို ဇူလိုင် ၁၆ ရက် ၁၁း၃၀ အချိန်တွင် ပြုလုပ်မည်ဖြစ်ပြီး တတိယနေရာလုပွဲတွင် ထိုင်ဆောင်နမ်အသင်းနှင့် ဘန် ကောက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

(ဗိုလ်လုပွဲနှင့် လွဲခဲ့သည့် ဗီယက်နမ်ကလပ် ထိုင်ဆောင်နမ်အသင်း)
