
တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၄)နှစ် အောက်ပြိုင်ပွဲ ရန်ကုန်တိုင်း လူငယ်ဗိုလ်စွဲ
July 18, 2016
Myanmar vs Timor Post-Match Press Conference
July 27, 2016မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFF MYANMAR Women’s Championship 2016 ပြိုင်ပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇူလိုင်လ ၂၅ ရက်နေ့က မန္တလေးမြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့သည်။ AFF MYANMAR Women’s Championship 2016 ပြိုင်ပွဲနှင့် ပတ်သက်၍ ပြိုင်ပွဲဝင်အသင်းနည်းပြများ၏ သုံးသပ်ချက်များကို စုစည်းတင်ပြလိုက်ပါသည်။
ရော်ဂျာ ( မြန်မာ့လက်ရွေးစင်အသင်းနည်းပြ)
ပြိုင်ဘက်အသင်းတွေက ခြေစွမ်းကောင်းမွန်ပြီး တောင့်တင်းကြပါတယ်။ မြန်မာအသင်းအနေနဲ့ ပရိသတ်တွေ ကျေနပ်တဲ့ ရလဒ်ကောင်းရမယ်လို့ ယုံကြည်ထားပြီး ဒီအောင်မြင်မှုကို ပရိသတ်တွေနဲ့အတူ ရယူသွားချင်ပါတယ်။ အိမ်ရှင်လုပ်တဲ့ပွဲဖြစ်တာကြောင့်လည်း ပရိသတ်တွေ များပြားမယ်လို့ မျှော်လင့်ပါတယ်။ တီမောအသင်းအကြောင်းကို သိထားခြင်းမရှိပါဘူး။ မလေးရှားအသင်းကတော့ လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်ကတည်းက ပြိုင်ပွဲတွေကစားနေပြီဖြစ်လို့ ပိုပြီးကောင်းလာပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာပရိသတ်တွေအများကြီး ကွင်းထဲ လာရောက်အားပေးဖို့ တိုက်တွန်းချင်ပါတယ်။
ခရိတ်ဒင်းန် ( ဩစတြေးလျလက်ရွေးစင်အသင်းနည်းပြ)
ဒီပြိုင်ပွဲကို အတွေ့အကြုံရဖို့အတွက် အဓိကထားပြီး လာပြိုင်တာပါ။ ကျွန်တော်တို့ ဩစတြေးလျယူ ၂၀ အသင်းအနေနဲ့ ကမ္ဘာ့ဖလား၊ အာရှဖလားပြိုင်ပွဲတွေ ကစားရဖို့ရှိတာကြောင့် ဒီပြိုင်ပွဲကနေ မျိုးဆက်သစ်ကစားသမားတွေ ပေါ်ထွက်လာပြီး အသင်းကြီးကို အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အသင်းကို လူငယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ ပြိုင်ပွဲကနေ အသင်းအတွက် အတွေ့အကြုံတွေအများကြီးရမယ်လို့ ယုံကြည်ပါတယ်။ အုပ်စုတွင်းပြိုင်ဘက်ဖြစ်တဲ့ အိမ်ရှင်မြန်မာအသင်းကိုလည်း လေးလေးစားစား ယှဉ်ပြိုင်သွားမှာပါ။
အဒူလာ (မလေးရှားလက်ရွေးစင်အသင်းနည်းပြ)
မလေးရှားနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲမှာ မလေးရှားလက်ရွေးစင် အမျိုးသမီးအသင်း အောင်မြင်မှုရဖို့အတွက် ဒီပွဲကို ကြိုတင်ပြင်ဆင်မှုတစ်ရပ်အနေနဲ့ လာရောက်ယှဉ်ပြိုင်တာပါ။ တောင့်တင်းတဲ့ပြိုင်ဘက်တွေ ဖြစ်တာကြောင့် မလေးရှားအသင်းအနေနဲ့ အတွေ့အကြုံအများကြီးရမယ်လို့ မျှော်လင့်ပါတယ်။ မြန်မာအသင်းဟာ အသင်းကောင်းတစ်သင်းဆိုတာ ငြင်းစရာမလိုပါဘူး။ ထိုင်းအသင်းကို အနိုင်ရထားတာနဲ့တင် အသင်းကောင်းတစ်သင်းပီသတယ်ဆိုတာ ဖော်ပြနေပါတယ်။ ကျွန်တော်တို့အသင်းက အားနည်းတဲ့အသင်းဖြစ်တဲ့အတွက် မြန်မာအသင်းကို တတ်စွမ်းနိုင်သမျှ တုံ့ပြန်ကစားသွားမှာပါ။
ဂျက်စတင် ပရိုင်ရာ (ထိုင်းလက်ရွေးစင်အသင်းနည်းပြ)
ဒီပြိုင်ပွဲမှာ ပြီးခဲ့တဲ့ မြန်မာအသင်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲလူစာရင်းကို အနည်းငယ်အပြောင်းအလဲလုပ်လာပါတယ်။ ပိုမိုကောင်းမွန်တဲ့ အသင်းဖြစ်လာဖို့ မျှော်လင့်ပြီး အောင်မြင်မှုရအောင် ကြိုးစားသွားမှာပါ။ အိမ်ရှင်မြန်မာအသင်းနဲ့ပတ်သက်ပြီး ခြေစမ်းပွဲမှာ ပရိသတ်အများအပြားလာရောက်အားပေးတာကို သတိထားမိပါတယ်။ ဒါဟာ ပြိုင်ဘက်အသင်းတွေကို ခက်ခဲစေပါတယ်။
မိုင်ဒုချွမ် (ဗီယက်နမ်လက်ရွေးစင်အသင်းနည်းပြ)
ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ အမျိုးသမီးဘောလုံးလောက တိုးတက်စေဖို့အတွက် လွန်ခဲ့တဲ့နှစ်တွေကတည်းက စီမံကိန်းချ လုပ်ကိုင်နေတာပါ။ AFF Women’s Championship ပြိုင်ပွဲတွေကို အရင်ကလည်း ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ဒီပြိုင်ပွဲမှာ ဗီယက်နမ်အသင်း ပရိသတ်တွေအတွက် အောင်မြင်မှုတစ်ခုခု ယူဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ချန်ကိုင်ယင် (စင်ကာပူလက်ရွေးစင်အသင်းနည်းပြ)
အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်အသင်းတို့က တောင့်တင်းတဲ့အသင်းတွေပါ။ ဒီပြိုင်ပွဲကနေ အတွေ့အကြုံရဖို့ပဲ မျှော်လင့်ပါတယ်။ စင်ကာပူအသင်းရဲ့ အနာဂတ်ရည်မှန်းချက်ကတော့ AFC Women’s Championship ပြိုင်ပွဲ ခြေစစ်ပွဲအောင်ဖို့ပါ။
လက်တီးရှား ကာလီဂျာစ် (ဖိလစ်ပိုင်လက်ရွေးစင်အသင်းနည်းပြ)
ဒီပြိုင်ပွဲက ဖိလစ်ပိုင်အမျိုးသမီးဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အများကြီး အရေးပါပါတယ်။ ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ရမှာဆိုပေမယ့် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမှာပါ။