အထက်မြန်မာပြည်နှင့်ရှမ်းပြည်နယ်တို့တွင် အပြင်းအထန်လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးဘေးဒဏ်ကြောင့် အသက်အိုးအိမ်ဆုံးရှုံးခဲ့ရသည့် ဒေသခံမြန်မာပြည်သူများအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှ ဝမ်းနည်းခြင်းသဝဏ်လွှာများ ပေးပို့

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ပြိုင်ပွဲကျင်းပမှုများနှင့် ဘောလုံးလှုပ်ရှားမှုများ ယာယီ ရပ်နားထားမည်
April 1, 2025
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် မြန်မာ ဘောလုံးအကယ်ဒမီနှင့် အသက်ဆုံးရှုံးခဲ့ရသည့် ဝန်ထမ်းမိသားစုအား တွေ့ဆုံအားပေး၍ ပံ့ပိုးကူညီမှုများ ပေးအပ်
April 2, 2025

April 2, 2025

၂၀၂၅ မတ်လ ၂၈ ရက်က စစ်ကိုင်းနှင့် မန္တလေး မြို့များအား ဗဟိုပြု၍ အထက်မြန်မာပြည်နှင့်ရှမ်းပြည်နယ်တို့တွင် အပြင်းအထန် လှုပ်ခတ်ခဲ့သည့် အင်အား ၇.၇ ရစ်ချ်တာစကေးရှိ ငလျင်ကြီး ဘေးဒဏ်ကြောင့် အသက်အိုးအိမ် ဆုံးရှုံးခဲ့ရသည့် ဒေသခံ မြန်မာပြည်သူများအတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနို၊ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ​ရှိတ် ဆာလ်မန် ဘင် အီဗရာဟင် ခါလီဖာ၊ နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်များဖြစ်သည့် ဗီယက်နမ်၊ ဘင်္ဂလားဒေရှ့်၊ ထိုင်း၊ အင်ဒိုနီးရှား၊ နီပေါ၊ မြောက်မာရီယားနား နိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌများက ဝမ်းနည်းခြင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများအား စာနာထောက်ထားမှုဖြင့် ပေးပို့လာသော ဝမ်းနည်းခြင်း သဝဏ်လွှာများအတွက် ငလျင်ဘေးသင့် ပြည်သူများကိုယ်စား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကျေးဇူးအထူး တင်ရှိပါကြောင်းနှင့် ငလျင်ဘေးသင့် ပြည်သူများကိုလည်း မြန်မာ့ဘောလုံး မိသားစုဝင်များမှ ပံ့ပိုးကူညီမှုများ ပြုလုပ်လျက်ရှိပါကြောင်း လေးစားစွာ ဖော်ပြအပ်ပါသည်။

Related Posts