
UEFA Pro လိုင်စင်ရ ဗီလီဇာ ပိုပေါ့ကို မြန်မာ ယူ-၂၃ အသင်းနည်းပြအဖြစ် ခန့်အပ်
January 16, 2019
MFF AMATEUR LEAGUE 2018 (ရန်ကုန်ဇုန်) တွင် 10/Mon FC ဗိုလ်စွဲ
January 20, 2019MFF AMATEUR LEAGUE 2018 (မန္တလေးဇုန်) ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့၊ ဗထူးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ MFF AMATEUR LEAGUE 2018 (မန္တလေးဇုန်) ၏ နောက်ဆံုံးပွဲစဉ်အဖြစ် ကြယ်စင်စုအက်ဖ်စီအသင်းနှင့် ဧရာဇာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ကြယ်စင်စုအက်ဖ်စီအသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ MFF Amateur League 2018 ပြိုင်ပွဲတွင် အဆင့် (၈) နေရာ ရရှိခဲ့သည့် ပလိပ်နင်ဂျာအသင်းအား ဆုငွေကျပ် ၃ သိန်း ကို မန္တလေးတိုင်းဒေသကြီး ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးတင်သိန်းကလည်းကောင်း၊ အဆင့် (၇) နေရာ ရရှိခဲ့သည့် ချမ်းအေသာဇံအသင်းအား ငွေသားကျပ် ၅ သိန်းကို မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး) ကျောင်းအုပ်ကြီး ဦးစိုးညွှန့်မှလည်းကောင်း၊ အဆင့် (၆) နေရာ ရရှိသည့် ကုန်စည်ဒိုင်အသင်းအား ဆုကြေးငွေကျပ် ၇ သိန်းချီးမြှင့်ခြင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အမှုဆောင်အဖွဲ့ဝင် ဦးစိန်ဝင်းကြီးမှလည်းကောင်း၊ အဆင့်(၅) နေရာ ရရှိသည့် ဧရာဇာအသင်းအား ဆုငွေကျပ် ၉ သိန်းကို မန္တလေးတိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ် အမှုဆောင် ဦးကျော်သက်လှိုင်ကလည်းကောင်း၊ အဆင့် (၄) နေရာ ရရှိသည့် BMPT FC အသင်းအား ဆုငွေကျပ် ၁၁ သိန်း ချီးမြှင့်ခြင်းကို ဒုရဲမှူးကြီး ဦးတင်မျိုးအောင်(မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း)ကလည်းကောင်း၊ အဆင့် (၃) နေရာ ရရှိသည့် Dragon FC အသင်းအား ဆုငွေကျပ် ၁၅ သိန်းကို မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်ကလည်းကောင်း၊ ဒုတိယနေရာ ရရှိသည့် အားသစ်အက်ဖ်စီအသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဆုကြေးငွေများ ချီးမြှင့်ခြင်းကို မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအုပ်ကြီး ဦးမျိုးမြင့်အောင်ကလည်းကောင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ဆက်လက်၍ MFF Amateur League 2018 ပြိုင်ပွဲတွင် ရမှတ် ၃၆ မှတ်ဖြင့် ချန်ပီယံဆု ရရှိခဲ့သည့် ကြယ်စင်စုအက်ဖ်စီအသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က တစ်ဦးချင်းဆုတံဆိပ်နှင့် ချန်ပီယံဆုဖလား ပေးအပ်ချီးမြှင့်ခဲ့သည်။
MFF AMATEUR LEAGUE 2018 ပြိုင်ပွဲများကို ရန်ကုန်နှင့် မန္တလေး ဇုန်နှစ်ခုခွဲကာ ကျင်းပခဲ့ပြီး ဖြစ်ပြီး ဇန်နဝါရီလ ၂၀ ရက်(ယနေ့) ညနေပိုင်းတွင် MFF AMATEUR LEAGUE 2018 (ရန်ကုန်)၏ နောက်ဆုံးပွဲအစဉ်အဖြစ် New Light အသင်းနှင့် 10/ Mon အသင်း တို့ မြန်မာအမျိုးသား အကယ်ဒမီ လေ့ကျင့်ရေးကွင်း (သုဝဏ္ဏ)တွင် ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။


