AFC/MFF “B” Coaching Certificate Course (Part-2) သင်တန်းဆင်းပွဲ ကျင်းပ
February 25, 2020မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အလုပ်အမှုဆောင် အစည်းအဝေး (1/2020) ကျင်းပ
February 28, 2020မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဒိုင်ကော်မတီဌာနသည် လူငယ်မျိုးဆက်သစ် ဒိုင်လူကြီးသင်တန်း(၁/၂၀၂၀)ကို မတ်လ ၂၄ ရက်မှ ၃၀ ရက်အထိ သုဝဏ္ဏကွင်းတွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ပြည်စုံရမည်ဖြစ်သည်။
၁။ အသက်(၁၈)နှစ်အောက်မငယ်ရ၊ အသက် (၃၀)နှစ်ထက် မကြီးသူဖြစ်ရမည်။
၂။ အနည်းဆုံး အခြေခံပညာ အထက်တန်းအဆင့် ပညာအရည်အချင်းရှိသူ ဖြစ်ရမည်။
၃။ ကျန်းမာကြံ့ခိုင်၍ ပြေးလွှားလှုပ်ရှားနိုင်သူဖြစ်ရမည်။
၄။ မျက်မှန် တပ်ဆင်သူမဖြစ်ရပါ။
၅။ သင်တန်းကို အချိန်ပြည့် တက်ရောက်နိုင်သူ ဖြစ်ရမည်။
၆။ ဒိုင်လူကြီးလုပ်ငန်းကို အမှန်တယ် စိတ်ဝင်စား၍ သင်တန်းပြီးဆုံးပါက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဒိုင်ကော်မတီ၊ ဒိုင်လုပ်ငန်းဌာနတွင် တရားဝင်မှတ်ပုံတင်၍ ဒိုင်လူကြီးတာဝန်ထမ်းဆောင်မည့်သူများကို သင်တန်းတက်ရောက်ခွင့် အတွက် ဦးစားပေးရွေးချယ်သွားမည် ဖြစ်သည်။
သင်တန်းတက်ရောက်အောင်မြင်သူများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်လုပ်ငန်း ကော်မတီ၊ ဒိုင်လုပ်ငန်းဌာနတွင် ဒိုင်လူကြီးအဖြစ် မှတ်ပုံတင်စေပြီး သက်တမ်းအလိုက်ပြိုင်ပွဲများ၊ ပြည်နယ်နှင့်တိုင်းပြိုင်ပွဲများ၊ မြန်မာနေရှင် နယ်လိဂ်ပြိုင်ပွဲများကို အရည်အချင်းတိုးတက်မှုအပေါ် မူတည်၍ အသီးသီး တာဝန်ပေးသွားမည် ဖြစ်သည်။
ထို့အပြင်အရည်အချင်းပြည့်မီသူများကို ပြည်ပနိုင်ငံများသို့ စေလွှတ်၍ သင်တန်းများ တက်ရောက်စေပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု ဒိုင်လူကြီး သင်တန်းများ တက်ရောက်စေခြင်း စသည့် အခွင့်လမ်းများ
ရရှိနိုင်မည် ဖြစ်ပါသည်။
သင်တန်းတက်ရောက်လိုသူများ အနေဖြင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဒိုင်ကော်မတီဌာန၊ သုဝဏ္ဏကွင်းတွင် သင်တန်းဝင်ခွင့် လျှောက်လွှာများကို ထုတ်ယူ၍ မှတ်ပုံတင် မိတ္တူ၊ ပညာအရည်အချင်းအထောက်အထား မိတ္တူ၊
ပတ်စပို့ ဓာတ်ပုံ (၃)ပုံနှင့်အတူ မတ်လ ၂၀ ရက် နောက်ဆုံးထား၍ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ပြီး အသေးစိတ်သိရှိလိုသည်များကို ဖုန်းနံပါတ် ၀၉ -၄၂၀၁၂၈၀၆၄ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။