
Covid19 ကာကွယ်ကုသရေး အားစိုက်ကြိုးပမ်းနေသည့် ဆရာဝန်များနှင့်သူနာပြုများ အတွက် နေထိုင်ရေးစီစဉ်
March 28, 2020
FIFA COVID 19 FOOTBALL REGULATORY ISSUES
April 10, 2020မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဧရာဝတီ ဖောင်ဒေးရှင်းတို့ သည် COVID19 ဗိုင်းရပ်စ် ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းစဉ်များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ တာဝန်ပေးမှု လမ်းညွှန်မှုများအတိုင်း ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ စောင့်ကြပ် ကြည့်ရှု့ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီပံ့ပိုးသည့် အနေဖြင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ဖူဆယ်ကော်မတီ ဥက္ကဌ ဒေါက်တာရဲမွန်ထွဋ်က အလှူငွေ ကျပ်သိန်း ၇၀ တိတိကိုလည်းကောင်း၊ ဦးဇေယျသူရမွန်(CEO & Founder of Zeya & Associates)က အလှူငွေ ကျပ်သိန်း ၅၀ တိတိကိုလည်းကောင်း၊ ဦးကျော်နန္ဒ (Baby Ancestor Company and Magteron Company) က ပိုးမွှားသတ်စက် တစ်လုံးကိုလည်းကောင်း ယနေ့မနက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် Covid19 စောင့်ကြပ်ကြည့်ရှုစခန်းတွင် အသီးသီး လာရောက် လှူဒါန်းခဲ့ကြရာ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များက ကျေးဇူးအထူးတင်ရှိစွာဖြင့် လက်ခံရယူခဲ့ပါသည်။
ယမန်နေ့ကလည်း စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်သူများအတွက် လက်သန့်ဆေးရည် Hand Gel အရေအတွက် ၅၀၀ အား ဦးအောင်မိုးကျော် (Co-Chairman of Grand Royal Group)ကလည်းကောင်း၊ ကျပ်သိန်း ၃၀ တန်ဖိုးရှိ Mask များအား Daily Star Co.,Ltd မှ ဦးဗွီဂျေ Mr.Vijay Kumar Kediaကလည်းကောင်း၊ စောင့်ကြပ် ကြည့်ရှု့ခံမည့်သူများသုံးစွဲရန် SIM Card အရေအတွက် ၂၅၀ နှင့် ၁၀၀၀ ကျပ်တန်ငွေဖြည့်ကတ်အရေအတွက် ၂၅၀ အားMPT ကလည်းကောင်း လှူဒါန်းခဲ့ပါသည်။
COVID19 စောင့်ကြပ်ကြည့်ရှု့ရေး လုပ်ငန်းများတွင် ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ဧရာဝတီ ဖောင်ဒေးရှင်းက အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။





