
ဆေးဘက်ဆိုင်ရာ ကော်မတီ ( ၁/ ၂၀၂၀) အစည်းအဝေး ကျင်းပ
August 11, 2020
MFF Futsal Knock-Out Cup ပြိုင်ပွဲကျင်းပနိုင်ရေး အစည်းအဝေးကျင်းပ
August 17, 2020ကမ္ဘာ့နိုင်ငံအနှံအပြားတွင် ကိုဗစ်၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း နိုင်ငံတကာဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ရေး ကိစ္စနှင့် ပတ်သက်၍ ယနေ့(ဩဂုတ် ၁၂ရက်) က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) တို့ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးဆုံးဖြတ်ချက်အရ ယခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း ကျင်းပရန်လျာထားသည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲစဉ်များကို ၂၀၂၁ ခုနှစ်တွင် ပြောင်းရွှေ့ကျင်းပရန် ဆုံးဖြတ်ခဲ့ပါသည်။ ပြောင်းရွှေ့ကျင်းပမည့် ရက် နှင့် နေရာများကို မကြာခင်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
ဖီဖာနှင့် အေအက်ဖ်စီ အနေဖြင့် ဘောလုံးပွဲစဉ်များအမြန်ဆုံးပြန်လည်ကျင်းပနိုင်ရန် ရည်ရွယ်ထားသော်လည်း ကိုဗစ်၁၉ ရောဂါအခြေအနေအပေါ်ကိုသာအဓိက ဦးစားပေးစဉ်းစားမည်ဖြစ်ပြီး ဘောလုံးပွဲစဉ်များကျင်းပမည့် သက်ဆိုင်ရာနိုင်ငံများ၏ရောဂါထိန်းချုပ်နိုင်မှုအခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။




