
ဆီးဂိမ်းစ်ပြင်ဆင်မှုအနေဖြင့် တောင်ကိုရီးယားနိုင်ငံတွင် လေ့ကျင့်ခြေစမ်းနေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း
April 28, 2022
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း အပြီးသတ်လူစာရင်း ထုတ်ပြန်
April 29, 2022
၃၁ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် တောင်ကိုရီးယားနိုင်ငံ Paju မြို့တွင် လေ့ကျင့်ရေးအစီအစဉ်များပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပထမခြေစမ်းပွဲအဖြစ် တောင်ကိုရီးယား ယူ-၂၀ အမျိုးသမီးအသင်းနှင့် ယနေ့ ဒေသစံတော်ချိန် ၂နာရီ ၃၀မိနစ်က Paju National Football Center ကွင်းတွင် ယှဉ်ပြိုင်ခဲ့ရာ တောင်ကိုရီးယား ယူ-၂၀ အမျိုးသမီးအသင်းက (၃-၀)ဂိုးဖြင့် အနိုင်ရခဲ့သည်။

အဆိုပါပွဲစဉ်အတွက် ပွဲထွက်လူစာရင်းအဖြစ် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် မေဇင်နွယ်(ဂိုး)၊ ခင်သန်းဝေ၊ချစ်ချစ်၊အေးအေးမိုး၊ဖြူဖြူဝင်း၊ခင်မိုမိုထွန်း၊နော်ထက်ထက်ဝေ၊ခင်မာလာထွန်း၊စန်းသော်သော်၊မြတ်နိုးခင်နှင့် ဂျူလိုင်ကျော်တို့ကို အသုံးပြုခဲ့သည်။ ပထမပိုင်းတွင် တောင်ကိုရီးယားအသင်း နှင့် မြန်မာအသင်းတို့ အပြန်အလှန် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

ခြေစမ်းပွဲစဉ်ဖြစ်သည့်အတွက် လူစားလဲလှယ်ခွင့် (၇)ဦးသတ်မှတ်ထားပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက ဒုတိယပိုင်းတွင် ခင်မိုမိုထွန်းအစား ပုံပုံ့ပြည့်မောင်၊စန်းသော်သော်အစား လင်းမြင့်မိုရ်၊ ခင်သန်းဝေ အစား ဇွန်ယုယဦး၊ အေးအေးမိုး အစား နန့်ဇူဇူးထက်၊ ဂျူလိုင်ကျော် အစား ခင်မိုးဝေ၊ ဖြူဖြူဝင်းအစား ခိုင်သဇင်၊ နော်ထက်ထက်ဝေ အစား သင်းသင်းယု တို့ကို လဲလှယ် အသုံးပြုခဲ့သည်။ တောင်ကိုရီးယား ယူ၂၀ အသင်းက ဒုတိယပိုင်းတွင် ကစားကွက်အသာစီးဖြင့် မြန်မာအမျိုးသမီးအသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် (၃-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် တောင်ကိုရီးယားလေ့ကျင့်ရေးခရီးစဉ်တွင် ခြေစမ်းပွဲ (၃)ပွဲကစားရန် စီစဉ်ထားပြီး ဒုတိယမြောက်ပွဲစဉ်အဖြစ် မေလ ၁ရက်နေ့တွင် Seoul City အမျိုးသမီးကလပ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ခြေစမ်းပွဲနောက်ဆုံးပွဲစဉ်အဖြစ် ယနေ့ ယှဉ်ပြိုင်ခဲ့သည့် တောင်ကိုရီးယား ယူ၂၀ အမျိုးသမီးအသင်းနှင့် မေလ ၃ရက်နေ့တွင် ထပ်မံယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
