ဆီးဂိမ်းစ်အဖွင့်ပွဲစဉ် အနိုင်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း
May 11, 2022ဆီးဂိမ်းစ် ဆီးမီးဖိုင်နယ် တက်ခွင့် အမျိုးသား ယူ၂၃ ပွဲစဉ်တွင် မြန်မာနှင့် ဗီယက်နမ် ၊ အမျိုးသမီး ပွဲစဉ်တွင် မြန်မာနှင့် ထိုင်းတို့ မေ ၁၃ တွင်ယှဉ်ပြိုင်မည်
May 12, 2022မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တည်ထောင်ဖွင့်လှစ်ထားသည့် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)၊ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)၊ မြန်မာ ဘောလုံးအကယ်ဒမီ(ပုသိမ်) တို့အတွက် ၂၀၂၂/၂၃ ပညာသင်နှစ် ကျောင်းသားသစ်များ ရွေးချယ်ခြင်းကို မေလ ၅ ရက်နေ့မှ စတင်ကာ ကျင်းပလျက်ရှိသည်။ မေလ ၅ ရက်မှ ၇ ရက်နေ့အထိ ပုသိမ်မြို့တွင်လည်းကောင်း၊ မေလ ၈ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့တွင်လည်းကောင်း ကျောင်းသားသစ် ရွေးချယ်ပွဲများကို ကျင်းပခဲ့ပြီး ယနေ့ မေလ ၁၂ ရက်နေ့မှ စတင်ကာ ၁၅ ရက်နေ့အထိ မန္တလေးမြို့ မြန်မာ ဘောလုံးအကယ်ဒမီတွင် ကျောင်းသားသစ်များ ဆက်လက် ရွေးချယ်မှု ပြုလုပ်လျက်ရှိသည်။
၂၀၂၂.၂၃ ပညာသင်နှစ်အတွက် ရွေးချယ်ခေါ် ယူမည့် ကျောင်းသားသစ်များမှာ ၂၀၁၀/၁၁ ခုနှစ်ဖွား အသက် (၁၁/၁၂)နှစ်အောက်၊ ၂၀၀၉ ခုနှစ်ဖွား အသက် (၁၃)နှစ်အောက်၊ ၂၀၀၈ ခုနှစ်ဖွား အသက်(၁၄)နှစ်အောက်နှင့် ၂၀၀၇ ခုနှစ်ခုနှစ်ဖွား အသက်(၁၅)နှစ်အောက် ဘောလုံး အားကစား ထူးချွန်သည့် မျိုးဆက်သစ်ကျောင်းသား များဖြစ်ကြပြီး ကျောင်းသားသစ် အရေအတွက် တစ်ရာဝန်းကျင် အထိရွေးချယ်သွားမည် ဖြစ်သည်။
ရွေးချယ်ခံရသည့် ကျောင်းသားများသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ စီစဉ်ပေးမှုဖြင့် ဘောလုံးပညာနှင့် အတန်းပညာတို့ကို အကယ်ဒမီကျောင်းတွင် ကျောင်းအိပ်ကျောင်းစားဖြင့် သင်ယူရမည် ဖြစ်ပြီး လစဉ်ထောက်ပံ့ကြေး အပါအဝင် အခြားသော သင်ကြားရေးနှင့် သက်ဆိုင်သည့် ထောက်ပံ့မှုများကိုလည်း ခံစားခွင့်ရရှိမည် ဖြစ်သည်။ ထို့အပြင် မိမိ၏ ကြိုးစားအားထုတ်မှုနှင့် အရည်အချင်းအလိုက် သက်တမ်းအလိုက်နှင့် စီနီယာ မြန်မာ့လက်ရွေးစင် ကစားသမားအဖြစ် လည်းကောင်း၊ ပရော်ဖက်ရှင်နယ် ကစားသမား အဖြစ် ပြည်ပ/ပြည်တွင်း တွင်လည်းကောင်း ကစားခွင့်ရရှိနိုင်ပြီး ဘောလုံး အားကစားဖြင့် အသက်မွေးဝမ်းကျောင်းမှု ပြုလုပ်နိုင်မည်ဖြစ်သည်။