အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်) ကျောင်းသားသစ် ကြိုဆိုပွဲ ပြုလုပ်
June 4, 2022ထိုင်းအမျိုးသမီးလိဂ်- ၁ လက်ရှိချန်ပီယံအသင်းသို့ သွားရောက်ကစားမည့် ခင်မာလာထွန်း
June 8, 2022၂၀၂၂-၂၃ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာ ဘောလုံးအကယ်ဒမီ(ပုသိမ်)သို့ တက်ရောက်ခွင့်ရရှိသော ကျောင်း သားသစ်များ ကြိုဆိုပွဲ အခမ်းအနားကို ဇွန် ၆ ရက်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာ ဘောလုံးအကယ်ဒမီ(ပုသိမ်)ကျောင်းအုပ်ကြီး ဦးထွန်းအောင်ကျော်၊ လူငယ်ဖွံ့ဖြိုးရေး ဌာနတာဝန်ခံ ဦးညီညီလတ်၊ ပုသိမ်ဘောလုံးအကယ်ဒမီဆေးမှူး ဒေါက်တာ အောင်ထွဠ်အေး၊အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ ဘောလုံးအကယ်ဒမီ(ပုသိမ်)သို့ တက်ရောက်ခွင့်ရသည့် ကျောင်းသားများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းမှ ကြိုဆိုနူတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ ဘောလုံးအကယ်ဒမီ (ပုသိမ်)ကျောင်းအုပ်ကြီး ဦးထွန်းအောင်ကျော်မှ ကျောင်းစည်းကမ်းချက်များ ရှင်းလင်းပြောကြားခြင်း၊ လူငယ်ဖွံ့ဖြိုးရေး ဌာနတာဝန်ခံ ဦးညီညီလတ်မှ ဘောလုံးအကယ်ဒမီကျောင်းတွင် သင်ကြားပြသပေးမည့် အစီအစဉ်များအား တင်ပြခြင်း၊ ပုသိမ်ဘောလုံးအကယ်ဒမီဆေးမှူး ဒေါက်တာ အောင်ထွဠ်အေးမှ ဆေးဘက်ဆိုင်ရာအချက်အလက်များအား အသိပေး တင်ပြခြင်းများ ပြုလုပ်ခဲ့သည်။
ယင်းနောက် ကျောင်းသားများ၏ မိဘဆွေမျိုးများ သိလိုသည်များ မေးမြန်းခြင်းကို တာဝန်ရှိသူများက ဖြေကြားခဲ့ပြီး အမှတ်တရ ဓာတ်ပုံရိုက်ခြင်းပြုလုပ်ကာ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
၂၀၂၂-၂၃ ပညာသင်နှစ်တွင် မြန်မာ ဘောလုံးအကယ်ဒမီ(ပုသိမ်)မှ ၃၁ဦး ၊ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)မှ ၄၄ ဦး၊ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)မှ ၄၈ဦးတက်ရောက် ပညာသင်ယူကြမည်ဖြစ်သည်။
၂၀၂၂-၂၃ ပညာသင်နှစ်အတွက် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)၊ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)၊ မြန်မာ ဘောလုံးအကယ်ဒမီ(ပုသိမ်)တို့တွင် တက်ရောက်ခွင့်ရသည့် ကျောင်းသားသစ်များမှာ ၂၀၁၀/၁၁ ခုနှစ်ဖွား အသက် (၁၁/၁၂)နှစ်အောက်၊ ၂၀၀၉ ခုနှစ်ဖွား အသက် (၁၃)နှစ်အောက်၊ ၂၀၀၈ ခုနှစ်ဖွား အသက်(၁၄)နှစ်အောက်နှင့် ၂၀၀၇ ခုနှစ်ခုနှစ်ဖွား အသက်(၁၅)နှစ်အောက် ဘောလုံး အား ကစား ထူးချွန်သည့် မျိုးဆက်သစ်ကျောင်းသား များဖြစ်ကြပြီး ကျောင်းသားသစ် စုစုပေါင်းမှာ ၁၂၃ ဦးဖြစ်သည်။
အကယ်ဒမီများသို့ တက်ရောက်ခွင့်ရသည့် ကျောင်းသားသစ်များသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ စီစဉ်ပေးမှုဖြင့် ဘောလုံးပညာနှင့် အတန်းပညာတို့ကို အကယ်ဒမီကျောင်းတွင် ကျောင်းအိပ်ကျောင်းစားဖြင့် သင်ယူရမည်ဖြစ်ပြီး လစဉ်ထောက်ပံ့ကြေး အပါအဝင် အခြားသော သင်ကြားရေးနှင့် သက်ဆိုင်သည့် ထောက်ပံ့မှုများကိုလည်း ခံစားခွင့်ရရှိမည် ဖြစ်သည်။
ထို့အပြင် မိမိ၏ ကြိုးစားအားထုတ်မှုနှင့် အရည်အချင်းအလိုက် သက်တမ်းအလိုက်နှင့် စီနီယာ မြန်မာ့လက်ရွေးစင် ကစားသမားအဖြစ်လည်းကောင်း၊ ပရော်ဖက်ရှင်နယ် ကစားသမား အဖြစ် ပြည်ပ/ပြည်တွင်း တွင်လည်းကောင်း ကစားခွင့်ရရှိနိုင်ပြီး ဘောလုံး အားကစားဖြင့် အသက်မွေးဝမ်းကျောင်းမှု ပြုလုပ်နိုင်မည်ဖြစ်သည်။