
မြန်မာ ဘောလုံးအကယ်ဒမီ(ပုသိမ်) ကျောင်းသားသစ် ကြိုဆိုပွဲ ပြုလုပ်
June 6, 2022
အာရှဖလား ခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအသင်း အရေးနိမ့်
June 8, 2022ထိုင်းအမျိုးသမီးလိဂ်- ၁ လက်ရှိချန်ပီယံ CAS ( College of Asian Scholars) အသင်းသည် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကွင်းလယ်ကစားသမားနှင့် အသင်းခေါင်းဆောင် ခင်မာလာထွန်းကို ကာလတိုစာချုပ်ဖြင့် ခေါ်ယူခဲ့သည်။ ခင်မာလာထွန်းသည် ဇွန် ၇ရက်နေ့က မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ထွက်ခွာခဲ့ပြီး CAS အသင်းနှင့် စတင်ပူးပေါင်းခဲ့သည်။
၂၀၂၂ ထိုင်းအမျိုးသမီးလိဂ်-၁ ပြိုင်ပွဲ ဇွန် ၅ရက် ပွဲစဉ်များအပြီးတွင် ခင်မာလာထွန်း ကစားမည့် CAS အသင်းက ၁၀ ပွဲကစား ၁၀ ပွဲစလုံးအနိုင်ရရှိထားပြီး ရမှတ် ၃၀ ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေသည်။

” ပြည်ပထွက်ကစားချင်တာကတော့ ကစားသမား အားလုံးရဲ့အိပ်မက်ပါ။ အခွင့်အရေး ရလာခဲ့ပြီဆိုတော့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ CAS အသင်းမှာ ထိုင်းလက်ရွေးစင်အသင်းက ရင်းနှီးတဲ့ကစားသမားတွေရှိလို့ အဆင်ပြေပါတယ်။ အခုလို သွားခွင့်ရအောင် ကူညီလုပ်ဆောင်ပေးတဲ့သူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ခင်မာလာထွန်းက ပြောသည်။
ခင်မာလာထွန်းသည် CAS အသင်းတွင် ဂျာစီနံပါတ် ၈၈ ဝတ်ဆင်ကစားသွားမည်ဖြစ်ပြီး ဇွန် ၈ ရက်က ကစားခဲ့သော MH NAKHONSI အသင်းနှင့် ယှဉ်ပြိုင်ခဲ့သော ထိုင်းအမျိုးသမီးလိဂ်- ၁ ပွဲစဉ်တွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့သည်။
ထိုင်းအမျိုးသမီးလိဂ်- ၁ ပြိုင်ပွဲဝင် CAS အသင်းနှင့် ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခဲ့သည့် ခင်မာလာထွန်းသည် မြန်မာအမျိုးသမီးဘောလုံးသမားများထဲတွင် ဒုတိယမြောက် ပြည်ပသို့ သွားရောက်ကစားသူဖြစ်သည်။ ပထမဆုံး ပြည်ပသို့သွားရောက် ကစားသူမှာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းဖြစ်ပြီး အိန္ဒိယအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် Gokulam Kerala FC (GKFC) အသင်းတွင် သွားရောက်ကစားခြင်းဖြစ်သည်။