2022 AFF Mitsubishi Electric Cup တွင် မြန်မာအသင်း အုပ်စု (ခ)တွင် ဗီယက်နမ်၊မလေးရှား၊ စင်ကာပူ၊ လာအိုတို့နှင့် ကျရောက်
August 30, 2022ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ) ခြေစမ်းပွဲ သတ်မှတ်ရက်တွင် ဟောင်ကောင်နှင့်မြန်မာ ခြေစမ်းမည်
September 6, 2022ဆော်ဒီအာရေဗျနိုင်ငံ၊ ဒါမန်းမြို့၌ စက်တင်ဘာ(၁၀) ရက်မှ (၁၈) ရက် အထိ ကျင်းပမည့် ၂၀၂၃ အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ် (2023 AFC U-20 Asian Cup Qualification) ဝင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်း လူစာရင်းကို နည်းပြချုပ် ဦးစိုးမြတ်မင်းက ထုတ်ပြန်ခဲ့သည်။
မြန်မာ ယူ-၂၀အသင်းသည် ဇူလိုင်လက ကျင်းပသည့် ၂၀၂၂ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ၊ သြဂုတ်လက ကျင်းပသည့် ဗီယက်နမ် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် ကစားသမားသစ်များ ခေါ်ယူ၍ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်ကာ အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်ဝင်မည့် အပြီးသတ် ကစားသမား ၂၃ ဦးစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို အသင်းပေါင်း (၄၄)သင်းက အုပ်စု ၁၀စုခွဲ၍ ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (၁၀) စုမှ အုပ်စုပထမ (၁၀)သင်းနှင့် အကောင်းဆုံး အုပ်စုဒုတိယ (၅)သင်းတို့ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
မြန်မာအသင်းပါဝင်သည့် အုပ်စု(က)တွင် ၂၀၂၃ အာရှ ယူ- ၂၀ နောက်ဆုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပမည့် ဉဇဘက်ကစ္စတန် အသင်းပါဝင်နေပြီး ဉဇဘက်ကစ္စတန်မှာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ထား၍ ယင်းအသင်းနှင့်ကစားသည့် ရလဒ်များကို ထည့်သွင်း တွက်ချက်မည် မဟုတ်ဘဲ ဆော်ဒီအာရေဗျ၊ တရုတ်၊ မော်လ်ဒိုက်နှင့် မြန်မာအသင်းတို့ အုပ်စုပတ်လည် ကစားသည့် ရလဒ်ကိုသာ တွက်ချက်ကာ ခြေစစ်ပွဲအောင်မည့်အသင်းကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။
အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်တွင် မြန်မာအသင်းသည် စက်တင်ဘာ ၁၀ ရက် ဒေသစံတော်ချိန် ည ၉ : ၃၀ နာရီ (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၁ ရက် နံနက် ၀၁ : ၀၀ နာရီ) တွင် တရုတ်၊ စက်တင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၆ : ၁၅ နာရီ (မြန်မာစံတော်ချိန် ည ၉ : ၄၅နာရီ) တွင် ဉဇဘက်ကစ္စတန်၊ စက်တင်ဘာ ၁၆ ရက် ဒေသစံတော်ချိန် ည ၉ : ၃၀ နာရီ (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၇ ရက် နံနက် ၀၁ : ၀၀ နာရီ) တွင် ဆော်ဒီအာရေဗျ၊ စက်တင်ဘာ ၁၈ ရက် ဒေသစံတော်ချိန် ည ၉ : ၀၀ နာရီ (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၉ ရက် နံနက် ၀၀ : ၃၀ နာရီ) တွင် မော်လ်ဒိုက်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း အုပ်ချုပ်/နည်းပြစာရင်း
အုပ်ချုပ်သူ- ဦးရဲဝင်းအောင်
နည်းပြချုပ်- ဦးစိုးမြတ်မင်း
လက်ထောက်နည်းပြ- ဦးမင်းမင်းထွန်း၊ ဦးစထက်နိုင်ဝင်း
ဂိုးနည်းပြ- ဦးစိန်အေး
အသင်းဆရာဝန် – ဒေါက်တာ ဖြိုးမင်းဦး
အကြောကျွမ်းကျင်- ဦးလွင်ဦးကို
အသင်းမီဒီယာ – ဦးသီဟအောင်
မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း ကစားသမားစာရင်း
ဂိုး- အောင်ပြည့်ဖြိုး၊ ဟိန်းထက်စိုး၊ ထက်အာကာဝင်း ။
နောက်တန်း – လန်းဆန်းအောင်၊ ထွန်းထွန်းသိန်း၊ ခန့်ဇင်ဟိန်း၊ ခွန်အောင်စိုး၊ လာဘ်ဝေဘုန်း၊ကောင်းထက်ပိုင်၊ ကိုးသန်းဇော် ၊ ဟိန်းဇော်နိုင်။
အလယ်တန်း- စောသန်းကိုသန်း၊ ချစ်အေး၊ သာယာဝင်းထက်၊ လမင်းထွေး၊ မိုးဆွေ၊ ဇော်ဝင်းသိန်း၊ ဉက္ကာနိုင်၊ အာကာကျော်၊ ရဲရင့်ဖြိုး။
ရှေ့တန်း – စွမ်းထက်၊ သန်းတိုးအောင်၊ သိန်းဇော်သီဟ။