
အာရှ ယူ-၂၀ ခြေစစ်ပွဲတွင် မော်လ်ဒိုက်ကို အနိုင်ရခဲ့သည့် မြန်မာအသင်း
September 19, 2022
4th AFC Social Responsibility Committee အစည်းအဝေး ကျင်းပ
September 20, 2022
ဟောင်ကောင် လက်ရွေးစင် အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင် အသင်းသည် ယနေ့ ညပိုင်းမှ စတင်ကာ Mong Kok Stadium တွင်လေ့ကျင့်မှုများ စတင်ခဲ့သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် စက်တင်ဘာ ၁၈ ရက်(ယမန်နေ့)က ရန်ကုန်မြို့မှ ဟောင်ကောင်သို့ ရောက်ရှိလာခဲ့ပြီး ကိုဗစ်စမ်းသပ် စစ်ဆေးမှုများခံယူခဲ့သည်။ မြန်မာ အသင်းတွင် နည်းပြချုပ် အန်တွမ်နီဟေး ရွေးချယ်ခေါ်ယူထားသည့် ကစားသမား ၂၁ ဦးပါဝင်ပြီး နည်းပြ/အုပ်ချုပ်အဖွဲ အပါအဝင် စုစုပေါင်း (၃၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ ဟောင်ကောင် လက်ရွေးစင် အသင်းနှင့်ခြေစမ်းမည့် မြန်မာ့လက်ရွေးစင် အသင်း ပြည်တွင်းရှိ ကစားသမားများဖြင့်သာ ဖွဲ့စည်းထားပြီး ကစားသမားအသစ်များ နိုင်ငံတကာပွဲ အတွေ့အကြုံ ရရှိစေရန်နှင့် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ကစားသမားအင်အား ပိုမိုတောင့်တင်းလာစေရန် ရွေးချယ်ခေါ်ယူ ထားခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းသည် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲ FIFA International “A” Friendly Match အဖြစ် စက်တင်ဘာ ၂၁ ရက်နှင့် စက်တင်ဘာ ၂၄ ရက်၊ မြန်မာ စံတော်ချိန် ညနေ(၆း၃၀)နာရီတွင် ယခုလေ့ကျင့်လျက်ရှိသည့် Mong Kok Stadium မှာပင် ဟောင်ကောင် လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲ ၂ ပွဲကစားမည် ဖြစ်သည်။ စက်တင်ဘာ ၂၁ ရက် ပွဲစဉ်အား ပရိသတ်မပါဘဲ ကွင်းပိတ်ကစားမည် ဖြစ်ပြီး စက်တင်ဘာ ၂၄ ရက် ပွဲစဉ်ကိုမူ ပရိသတ် ဝင်ရောက်အားပေးခွင့် ပေးမည်ဖြစ်သည်။




