ကာဂျစ္စတန်အသင်း၏ နောက်ကျဂိုးကြောင့် မြန်မာအသင်း သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရ
March 25, 2023ပြည်တွင်းပြည်ပ ဘောလုံးပွဲစဉ်များ တာဝန်ယူဆောင်ရွက်မည့် ပြိုင်ပွဲကြီးကြပ်သူ Match Commissioner သင်တန်း ဖွင့်လှစ်မည်
March 29, 2023မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဒိုင်ကော်မတီ နှင့် ဒိုင်ဌာနမှကြီးမှူးကျင်းပမည့် လူငယ်မျိုးဆက်သစ်ဘောလုံးဒိုင်လူကြီးသင်တန်း ၁/၂၀၂၃ (MFF Newly Referee Course 1/2023) ကို လာမည့် ဧပြီ ၂၄ရက်မှ ၃၀ရက် အထိ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစခန်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
အဆိုပါသင်တန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အားကစားဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့်ပြိုင်ပွဲများ၊ မြန်မာနေရှင် နယ်လိဂ်ပြိုင်ပွဲများ၊ ပြည်နယ်နှင့်တိုင်းဘောလုံးပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်နိုင်ရေး၊ အဆင့်မြင့်နိုင်ငံ တကာပြိုင်များတွင် ထမ်းဆောင်နိုင်ရေး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အရည်အချင်း ပြည့်မှီသော လူငယ်ဒိုင်လူကြီးများပေါ်ထွက်လာစေရေး၊ နိုင်ငံတကာအသိအမှတ် ပြု ဒိုင်လူကြီးကောင်းများ ပေါ်ထွက်လာစေရေးအတွက် MFF Newly Referee Course 1/2023 အား ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။
သင်တန်းနည်းပြဆရာများအဖြစ် အာရှဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြုနည်းပြဆရာများ၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးဟောင်းများ၊ ဒိုင်သင်တန်းနည်းပြဆရာများမှ ဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။
အဆိုပါ သင်တန်းအား တက်ရောက်လိုသူများအနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီသူဖြစ်ရမည် ဖြစ်ပြီး၊ သင်တန်းတက်ရောက်ခွင့်လျှောက်လွှာအား ဖြည့်စွက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်၊ဒိုင်ကော်မတီ၊ ဒိုင်ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ် (၀၉-၇၅၈၈၃၀၀၁၄)သို့ Viber မှဖြစ်စေ ဧပြီ ၁၈ရက် နောက်ဆုံးထားပေးပို့ရမည် ဖြစ်ပြီး၊ သိရှိလိုသည်များအား ဖုန်း (၀၉-၈၈၀၅၉၈၆၂၂) ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
သင်တန်းတက်ရောက်ရန် လျှောက်ထားသူများကို ဧပြီ ၂၂ရက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဒိုင်ကော်မတီ၊ဒိုင်လုပ်ငန်းဌာန (သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစခန်း) တွင် လူတွေ့စစ်ဆေးခြင်းပြုလုပ်၍ စိစစ်ရွေးချယ်မည်ဖြစ်ပြီး၊ သင်တန်းတက်ရောက်ခွင့်ရရှိသူများ အနေဖြင့် သင်တန်းပြီးဆုံးသည်အထိ မပျက်မကွက် တက်ရောက်ရမည်ဖြစ်ပါသည်။
Newly-Referee-Course-1-2023.pdf-update