
MFF Carabao Amateur Futsal ပြိုင်ပွဲ အတွက် စပွန်ဆာ စာချုပ် ချုပ်ဆိုပွဲ ကျင်းပ
June 1, 2023
အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲတွင် တရုတ်အသင်းအား မြန်မာအသင်း အရေးနိမ့်
June 10, 2023မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)နှင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)တို့ ပူးပေါင်းပြုလုပ်သော UEFA Assist Football for Women Programme ကို ဇွန် ၂ရက်၊ နံနက်ပိုင်းက နိုဗိုတယ်ဟိုတယ် (ရန်ကုန်မက်စ်)တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဥရောပဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ MFF အထွေထွေ အတွင်း ရေးမှူးဦးကိုကိုသိန်း၊ MNL CEO ဦးစိုးမိုးကျော်၊ မြန်မာ့ဘောလုံး အသိုင်းအ၀ိုင်းအတွင်း ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော ၀န်ထမ်းများ၊ ကလပ်အသင်းများ၊ ကစားသမားများ၊ ဒိုင်၊ နည်းပြ၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ မီဒီယာ စသည့် ကဏ္ဍအသီးသီးမှ အမျိုးသမီးများ တက်ရောက်ခဲ့သည်။




အဆိုပါ အစီအစဉ်ကို မြန်မာ့ဘောလုံးအသိုင်းအ၀ိုင်းအတွင်း ကဏ္ဍအသီးသီးတွင် လုပ်ကိုင်ဆောင်ရွက်နေသော အမျိုးသမီးဝန်ထမ်းများ၏ အရည်အသွေးနှင့် စီမံခန့်ခွဲမှု အရည်အချင်းများ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)၏ အမျိုးသမီး ဘောလုံးရေးရာစီမံခန့်ခွဲမှု ကျွမ်းကျင်သူ သုံးဦးဖြစ်သော Christopher James Milnes၊ Sharon Zeevi Oren နှင့် Geoff Wilson တို့က ဦးဆောင်ကာ ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်သည်။






UEFA Assist Football for Women Programme အစီအစဉ်ကို ဇွန် ၂ရက်မှ ၅ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး အမျိုးသမီးဘောလုံး၏ အခန်းကဏ္ဍကို အမျိုးသားဘောလုံးနှင့်တန်းတူဖြစ်လာစေရန်၊ အမျိုးသမီးဘောလုံးလောကသားများအတွက် လစာ၊ အကျိုးခံစားခွင့်၊ အခြေခံ အဆောက်အဦများ တိုးတက်လာစေရန်၊ အမျိုးသမီးနည်းပြများ၏ နည်းစနစ်ပိုင်း တိုးတက်ကောင်းမွန်လာရန် ၊ အမျိုးသမီးလိဂ်အပြင် သက်တမ်းအလိုက်လိဂ်များ ကျင်းပနိုင်ရန်၊ ဘောလုံးနှင့် ပတ်သက်သည့် စီးပွားရေး ကိစ္စရပ်များ တိုးတက်လာရန်၊ နည်းဗျုဟာကျသည့် အစီအစဉ်များ ရေးဆွဲပေးနိုင်ရန်၊ မြန်မာ့အမျိုးသမီး ဘောလုံးကိုလည်း အမျိုးသားများနည်းတူ အောက်ခြေအဆင့်မှ စတင်ရွေးချယ်ခြင်း၊ အကယ်ဒမီကဲ့သို့ သက်တမ်းအလိုက်အသင်းများကို စနစ်တကျ ဖွဲ့စည်း လေ့ကျင့်ပေးနိုင်ရန် စသည့် ရည်ရွယ်ချက်များ ဖြင့် ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။











