
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် မြန်မာ ဘောလုံးအကယ်ဒမီနှင့် အသက်ဆုံးရှုံးခဲ့ရသည့် ဝန်ထမ်းမိသားစုအား တွေ့ဆုံအားပေး၍ ပံ့ပိုးကူညီမှုများ ပေးအပ်
April 2, 2025
မန္တလေးတွင် ကူညီလှူဒါန်းမှု ပြုလုပ်ခဲ့ပြီးနောက် ပျော်ဘွယ်မြို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
April 6, 2025မတ်လ ၂၈ ရက် ငလျင်ဘေးဒဏ်ကြောင့် အသက်အိုးအိမ် ထိခိုက်ခံစားရသော ပြည်သူများအတွက် အဖွဲ့ချုပ်ဥက္ကဌ၊ နည်းပြများ၊ ကစားသမားဟောင်းများ၊ ဒိုင်လူကြီးများ၊ MFF/MNL ဝန်ထမ်းများ ပါဝင်သည့် မြန်မာ့ဘောလုံး မိသားစုက ကူညီလှူဒါန်းခြင်းများ သွားရောက်ဆောင်ရွက်လျက် ရှိပါသည်။
ယနေ့ ဧပြီလ ၆ ရက် နံနက်ပိုင်းတွင် ငလျင်ဘေးကြောင့် ကွယ်လွန်ခဲ့ရသည့် မြန်မာ့လက်ရွေးစင် ဟောင်းဦးစိန်ဝင်းကြီးအား သွားရောက်ဂါရဝပြု ဆုတောင်းခဲ့ပြီး ကျန်ရစ်သူမိသားစုအား အဖွဲ့ချုပ် ဥက္ကဌနှင့် ဘောလုံးမိသားစုက ကျပ်(၅၅)သိန်း ကူညီခဲ့ပါသည်။ ယင်းနောက် မန္တလေးမြို့ အရိုးကု ဆေးရုံကြီးသို့ ကျပ်သိန်း(၅၀)၊ လူနာရှင်တစ်ဦးလျင် ကျပ်(၅၀၀၀၀)ဖြင့် လူနာ ၄၉ ဦး တို့အားလှူဒါန်းခဲ့ပါသည်။
မြန်မာ့ ဘောလုံးမိသားစုသည် မန္တလေးမြို့မှ တဆင့် ပျော်ဘွယ်သို့ သွားရောက်၍ လှူဒါန်းခြင်းများဆက်လက် ပြုလုပ်သွားမည်ဖြစ်ပါသည်။











