မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် ပရိုလိုင်စင် နည်းပြသင်တန်း စတင်ဖွင့်လှစ်မည်
January 8, 2026မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အောက်ရှိ အမျိုးသမီး ဘောလုံးအကယ်ဒမီ (မန္တလေး) တွင် တာဝန်ထမ်းဆောင်ရန်အတွက် အရည်အချင်း ပြည့်ဝသူများကို အောက်ပါရာထူးနေရာများအတွက် ခေါ်ယူနေပြီဖြစ်ပါသည်။
• ကျောင်းအုပ်ချုပ်ရေးမှူး (School Administrator)
• နည်းပြများ ( Coaches)
မိမိတို့၏ အရည်အချင်း၊ အတွေ့အကြုံများဖြင့် မြန်မာ့အမျိုးသမီးဘောလုံး အားကစားကဏ္ဍတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်လိုသူများအနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ လူ့စွမ်းအားအရင်းအမြစ်ဌာနသို့ မတ်လ (၁၈) ရက် နေ့ ရုံးချိန်အတွင်း နောက်ဆုံးထား၍ လူကိုယ်တိုင်သော်လည်းကောင်း Email: hr.dept@mff-ma.com သို့ လည်းကောင်း လျှောက်လွှာများအား ပေးပို့ လျှောက်ထားနိုင်ပါသည်။
အရည်အချင်းသတ်မှတ်ချက် အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
————–
အမျိုးသမီး ဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းအုပ်ချုပ်ရေးမှူး ခေါ်ယူခြင်း
အမျိုးသမီး ဘောလုံးအကယ်ဒမီကျောင်း (မန္တလေး)တွင် လိုအပ်လျက်ရှိသော ရာထူး အတွက် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှုရှိသူ မည်သူမဆို ကိုယ်တိုင်ရေးလျှောက်လွှာ (CV)၊ ဓာတ်ပုံ (၁) ပုံ၊ ဘွဲ့လက်မှတ် (သို့မဟုတ်) ဘာသာစကားကျွမ်းကျင်မှု အထောက်အထား စာရွက်စာတမ်းများ၊ သက်ဆိုင်ရာဌာနတာဝန်ခံ၏ ထောက်ခံချက်၊ ပြစ်မှုကင်း ရှင်းကြောင်း ထောက်ခံချက်၊ သန်းခေါင်စာရင်းမိတ္တူ၊ မှတ်ပုံတင် မိတ္တူ တို့ဖြင့် အထောက်အထားများနှင့် တကွ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ လူ့စွမ်းအားအရင်းအမြစ်ဌာနသို့ မတ်လ (၁၈) ရက် နေ့ ရုံးချိန်အတွင်း နောက်ဆုံးထား၍ လူကိုယ်တိုင်သော်လည်းကောင်း Email: hr.dept@mff-ma.com သို့ လည်းကောင်း လျှောက်လွှာများအား ပေးပို့ လျှောက်ထားနိုင်ပါသည်။
ကျောင်းအုပ်ချုပ်ရေးမှူး ရာထူး မ(၁)ဦး
• တက္ကသိုလ်မှ ဘွဲရ အောင်မြင်သူဖြစ်ရမည်။
• အသက် (၄၅) နှစ်မှ (၅၀) နှစ်အတွင်း ဖြစ်ရမည်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
• ဘောလုံးအားကစားနှင့် ပတ်သက်၍ စိတ်ပါဝင်စားသူ ဖြစ်ရမည်။
• ရုံး/ကျောင်း လုပ်ငန်း စီမံခန့်ခွဲမှုအပိုင်းတွင် လုပ်သက်အနည်းဆုံး (၅) နှစ်ရှိသူ ဖြစ်ရမည်။
• Microsoft Word, Excel, E-mail, Internet တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
• အလုပ် တာဝန်ထမ်းဆောင်သည့် နေရာတွင် လာရောက် နေထိုင်နိုင်သူဖြစ်ရမည်။
• ရုံးလုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို နားလည်ကျွမ်း ကျင်ပြီး အတွေ့အကြုံရှိသူ ဖြစ်ရမည်။
• ပြဿနာများကို ဦးဆောင်ဖြေရှင်းနိုင်စွမ်းရှိရမည်။ အဖွဲ့အစည်းများ၊ ကျောင်းအုပ်ချုပ်ရေး ကိစ္စရပ်များနှင့် မိဘများနှင့် ဆက်သွယ်ဆောင်ရွက်မှုများကို ထိရောက်စွာ ဆောင်ရွက်ရ မည်။
• အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး ပြောဆိုဆက်ဆံရေးကောင်းမွန်သူ ဖြစ်ရမည်။
လုပ်ငန်းတာဝန်အကျဉ်း
• အကယ်ဒမီ၏ နေ့စဉ် အုပ်ချုပ်ရေးလုပ်ငန်းများကို စီမံခန့်ခွဲ ဆောင်ရွက်ရမည်။
• ရုံးလုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို အကောင်အ ထည်ဖော် ထိန်းသိမ်းရမည်။
• စာရွက်စာတမ်းများ၊ ဖိုင်များ၊ မှတ်တမ်းများကို စနစ်တကျ သိမ်းဆည်းစီမံရမည်။
• ဝန်ထမ်းများ၏ အလုပ်ချိန်၊ တာဝန်ခွဲဝေမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများကို စောင့်ကြည့် ရမည်။
• ဝန်ထမ်း စည်းကမ်းလိုက်နာမှုကို စောင့်ကြည့်ပြီး HR မူဝါဒနှင့် ကိုက်ညီစေရန် ထိန်းသိမ်း ရမည်။
• ဝန်ထမ်းဆိုင်ရာ ပြဿနာများကို စီမံဖြေရှင်း၍ HR သို့ အစီရင်ခံရမည်။
• ကျောင်းသူများ၏ အဆောင်တွင်း/ပြင် စည်းကမ်းတကျ နေထိုင်မှုရှိစေရေး ကြီးကြပ် ဆောင်ရွက်ပေးရမည်။
• ကျောင်းဝန်းအတွင်း ဧည့်သည်ဝင်ရောက်မှု မှတ်တမ်းများ စနစ်တကျထားရှိရမည်။
• ဝန်ထမ်း ခန့်အပ်ခြင်းဆိုင်ရာ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့် နောက်ဆက်တွဲ စည်းကမ်းချက်များ အား လေးစားလိုက်နာရမည်။
• လစဉ်/သုံးလပတ်/နှစ်ပတ်လည် အစီရင်ခံစာများကိုပြုလုပ်၍ မန္တလေးအကယ်ဒမီ ကျောင်းအုပ်ကြီးထံ နှင့် HR သို့တင်ပြရမည်။
• စားရိပ်သာ ၏ နေ့စဉ်မှတ်တမ်းများအား မှတ်တမ်းထားရှိ၍ အစီရင်ခံရမည်။
• Microsoft Word, Excel အသုံးပြု၍ စာရင်းများ၊ မှတ်တမ်းများ ပြုလုပ်ထိန်းသိမ်းရမည်။
• မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရမည်။
• အဖွဲ့အစည်းများ၊ ကျောင်းအုပ်ချုပ်ရေးကိစ္စရပ်များနှင့် မိဘများနှင့် ဆက်သွယ်ဆောင် ရွက်မှုများကို ထိရောက်စွာ ဆောင်ရွက်ရမည်။
• ဖြစ်ပေါ်လာသော ပြဿနာများကို ဦးဆောင်ဖြေရှင်း၍ သင့်လျော်သော အကြံပြုချက်များ တင်ပြရမည်။
• အဖွဲ့အစည်း၏ မူဝါဒများနှင့် ဥပဒေစည်းမျဉ်းများကို လိုက်နာစေရန် စောင့်ကြည့်ရမည်။
• လုပ်ငန်းလိုအပ်ချက်အရ ခရီးသွားလာ၍ တာဝန်ထမ်းဆောင်ရမည်။
• မိမိတာဝန်နယ်ပယ်အတွင်းမှ ထပ်မံပေးအပ်လာသော တာဝန်များကို ဆောင်ရွက်ရမည်။
——————————————–
အမျိုးသမီး ဘောလုံးအကယ်ဒမီ (မန္တလေး) နည်းပြများ ခေါ်ယူခြင်း
အမျိုးသမီး ဘောလုံးအကယ်ဒမီ (မန္တလေး) တွင် တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှုရှိသူ မည်သူမဆို ကိုယ်တိုင် ရေးလျှောက်လွှာ (CV)၊ ဓာတ်ပုံ (၁) ပုံ၊ ဘွဲ့လက်မှတ် (သို့မဟုတ်) ဘာသာစကားကျွမ်းကျင်မှု အထောက်အထား စာရွက်စာတမ်းများ၊ သက်ဆိုင်ရာဌာနတာဝန်ခံ၏ ထောက်ခံချက်၊ ပြစ်မှုကင်း ရှင်းကြောင်း ထောက်ခံချက်၊ သန်းခေါင်စာရင်းမိတ္တူ၊ မှတ်ပုံတင် မိတ္တူ၊ လိုင်စင်မိတ္တူတို့ဖြင့် အထောက်အထား များနှင့် တကွ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ လူ့စွမ်းအားအရင်းအမြစ်ဌာနသို့ မတ်လ (၁၈)ရက်နေ့ ရုံးချိန်အတွင်း နောက်ဆုံးထား၍ လူကိုယ်တိုင်သော်လည်းကောင်း Email: hr.dept@mff-ma.comသို့လည်းကောင်း လျှောက်လွှာများအား ပေးပို့လျှောက်ထားနိုင်ပါသည်။
အသက်(၁၅)နှစ်အောက် နည်းပြချုပ်၏ လုပ်ငန်းတာဝန်အကျဉ်း
• AFC A license ကိုင်ဆောင်ထားသူဖြစ်ရမည်။
• မန္တလေးတွင် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
• အသက်(၃၀)နှစ်မှ (၄၅)နှစ်အတွင်းဖြစ်ရမည်။
• ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူဖြစ်ပြီး ကစားသမားများအား သရုပ်ပြကစားနိုင်သူ ဖြစ်ရမည်။
• လူငယ်ဘောလုံးအားကစားနှင့် သင်ကြားရေးပိုင်းတွင် အနည်းဆုံးအတွေ့အကြုံ (၃) နှစ် အထက်ရှိသူဖြစ်ရမည်။
• Microsoft Office (Word, excel, PowerPoint) အသုံးပြုနိုင်သူ ဖြစ်ရမည်။
• English အသင့်အတင့် နားလည်ရမည်။
အသက်(၁၅)နှစ်အောက် လက်ထောက်နည်းပြ လုပ်ငန်းတာဝန်အကျဉ်း
• အနည်းဆုံး AFC B license ကိုင်ဆောင်ထားသူဖြစ်ရမည်။
• မန္တလေးတွင် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
• အသက်(၃၀)နှစ်မှ (၄၅)နှစ်အတွင်းဖြစ်ရမည်။
• ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူဖြစ်ပြီး ကစားသမားများအား သရုပ်ပြကစားနိုင်သူ ဖြစ်ရမည်။
• လူငယ်ဘောလုံးအားကစားနှင့် သင်ကြားရေးပိုင်းတွင် အနည်းဆုံးအတွေ့အကြုံ (၃) နှစ် အထက်ရှိသူဖြစ်ရမည်။
• Microsoft Office (Word, excel, PowerPoint) အသုံးပြုနိုင်သူ ဖြစ်ရမည်။
• English အသင့်အတင့် နားလည်ရမည်။
အသက်(၁၅)နှစ်အောက် ဂိုးနည်းပြ လုပ်ငန်းတာဝန်အကျဉ်း
• အနည်းဆုံး AFC Goalkeeper level 2 license ကိုင်ဆောင်ထားသူဖြစ်ရမည်။
• မန္တလေးတွင် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
• အသက်(၃၀)နှစ်မှ (၄၅)နှစ်အတွင်းဖြစ်ရမည်။
• ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ ဖြစ်ပြီး ကစားသမားများအား သရုပ်ပြကစား နိုင်သူ ဖြစ်ရမည်။
• လူငယ်ဘောလုံးအားကစားနှင့် သင်ကြားရေးပိုင်းတွင် အနည်းဆုံးအတွေ့အကြုံ (၃) နှစ် အထက်ရှိသူဖြစ်ရမည်။
• Microsoft Office (Word, excel, PowerPoint) အသုံးပြုနိုင်သူ ဖြစ်ရမည်။
• English အသင့်အတင့် နားလည်ရမည်။
အသက်(၁၃)နှစ်အောက် နည်းပြချုပ် လုပ်ငန်းတာဝန်အကျဉ်း
• AFC B license ကိုင်ဆောင်ထားသူဖြစ်ရမည်။
• မန္တလေးတွင် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
• အသက်(၃၀)နှစ်မှ (၄၅)နှစ်အတွင်းဖြစ်ရမည်။
• ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ ဖြစ်ပြီး ကစားသမားများအား သရုပ်ပြကစား နိုင်သူ ဖြစ်ရမည်။
• လူငယ်ဘောလုံးအားကစားနှင့် သင်ကြားရေးပိုင်းတွင် အနည်းဆုံးအတွေ့အကြုံ (၃) နှစ် အထက်ရှိသူဖြစ်ရမည်။
• Microsoft Office (Word, excel, PowerPoint) အသုံးပြုနိုင်သူ ဖြစ်ရမည်။
• English အသင့်အတင့် နားလည်ရမည်။
အသက်(၁၃)နှစ်အောက် လက်ထောက်နည်းပြ၏ လုပ်ငန်းတာဝန်အကျဉ်း
• အနည်းဆုံး AFC C license ကိုင်ဆောင်ထားသူဖြစ်ရမည်။
• မန္တလေးတွင် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
• အသက်(၃၀)နှစ်မှ (၄၅)နှစ်အတွင်းဖြစ်ရမည်။
• ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ ဖြစ်ပြီး ကစားသမားများအား သရုပ်ပြကစားနိုင်သူဖြစ်ရမည်။
• လူငယ်ဘောလုံးအားကစားနှင့် သင်ကြားရေးပိုင်းတွင် အနည်းဆုံးအတွေ့အကြုံ (၃)နှစ် အထက်ရှိသူဖြစ်ရမည်။
• Microsoft Office (Word, excel, PowerPoint) အသုံးပြုနိုင်သူ ဖြစ်ရမည်။
• English အသင့်အတင့် နားလည်ရမည်။
အသက်(၁၃)နှစ်အောက် ဂိုးနည်းပြ၏ လုပ်ငန်းတာဝန်အကျဉ်း
• အနည်းဆုံး AFC Goalkeeper level 1 license ကိုင်ဆောင်ထားသူဖြစ်ရမည်။
• မန္တလေးတွင် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
• အသက်(၃၀)နှစ်မှ (၄၅)နှစ်အတွင်းဖြစ်ရမည်။
• ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ ဖြစ်ပြီး ကစားသမားများအားသရုပ်ပြ ကစားနိုင်သူဖြစ်ရမည်။
• လူငယ်ဘောလုံးအားကစားနှင့် သင်ကြားရေးပိုင်းတွင် အနည်းဆုံးအတွေ့အကြုံ (၃)နှစ် အထက်ရှိသူဖြစ်ရမည်။
• Microsoft Office (Word, excel, PowerPoint) အသုံးပြုနိုင်သူ ဖြစ်ရမည်။
• English အသင့်အတင့် နားလည်ရမည်။
ကြံ့ခိုင်ရေးနည်းပြ လုပ်ငန်းတာဝန်အကျဉ်း
• အနည်းဆုံး Fitness license ကိုင်ဆောင်ထားသူဖြစ်ရမည်။