Category: <span>Futsal National Team</span>

The MFF » Futsal National Team

အာရှဖူဆယ် ခြေစစ်ပွဲ နောက်ဆုံးပွဲတွင် အိမ်ရှင် တာဂျစ်ကစ္စတန်ကို မြန်မာအသင်း ရူံးနိမ့်

October 11, 2023 / By Admin

မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 ခြေစစ်ပွဲ အုပ်စု(E)၏ နောက်ဆုံး ​ပွဲစဉ်အဖြစ် အိမ်ရှင်တာဂျစ်ကစ္စတန် အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ တာဂျစ်ကစ္စတန်အသင်းက (၃ – ၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ပထမပိုင်းတွင် တာဂျစ်ကစ္စတန်အသင်းက ပိုမို ဖိအားပေးခဲ့သော် လည်း မြန်မာအသင်းက ခံစစ်ကို စနစ်တကျကစားပြီး တန်ပြန်တိုက်စစ်ဆင်ဖြင့် ကစားခဲ့သည်။ တာဂျစ်ကစ္စတန် အသင်း၏ ဂိုးရရှိရေးကြိုးပမ်းမှုများကို မြန်မာအ သင်း စနစ်တကျ ဖျက်ထုတ်နိုင်ခြင်း၊ ဂိုးသမား ညီညီသန့် လက်စွမ်းပြ ကာကွယ်နိုင်ခြင်း တို့ကြောင့် ပထမပိုင်း အပြီးတွင် ဂိုးမရှိသရေကျနေခဲ့သည်။ ဒုတိယပိုင်းတွင် ကာဂျစ်စ္စတန်အသင်း အတွက် အနိုင်ဂိုးများကို Sardorov ၊Yorovနှင့် Alievတို့က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ […]

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း AFC Futsal Asian Cup 2024 ခြေစစ်ပွဲ ဒုတိယ ပွဲစဉ်တွင် အိန္ဒိယ အသင်းကို အနိုင်ရရှိ

October 9, 2023 / By Admin

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ခြေစစ်ပွဲ အုပ်စု(E)၏ ဒုတိယ မြောက်ပွဲစဉ် အဖြစ် အိန္ဒိယ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းသည် သိုင်းဖွဲ့အောင်၊ မျိုးသက်အောင်တို့၏ သွင်းဂိုးများအပြင် ပြိုင်ဘက်အသင်း၏ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ပထမပိုင်းတွင် ၃-၁ ဂိုးဖြင့် အနိုင်ရရှိနေခဲ့သည်။ ဒုတိယပိုင်းတွင် အိန္ဒိယ အသင်းက ချေပဂိုးတစ်ဂိုးထပ်မံ ရရှိခဲ့သော်လည်း မြန်မာအသင်းအတွက် မျိုးသက်အောင်နှင့် လှိုင်မင်းထွန်းတို့က ဂိုးများထပ်မံသွင်းယူနိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယခုနိုင်ပွဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်က “ဒီနိုင်ပွဲက မြန်မာဖူဆယ်လောက တစ်ခုလုံးကို ကိုယ်စားပြုပါတယ်။ အနယ်နယ်အရပ်ရပ်မှာ […]

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း AFC Futsal Asian Cup 2024 ခြေစစ်ပွဲ အဖွင့်ပွဲစဉ်တွင် အနိုင်ရရှိ

October 7, 2023 / By Admin

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ခြေစစ်ပွဲ အုပ်စု(E)၏ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော ပါလက်စတိုင်း အသင်းနှင့် ပွဲစဉ်တွင် ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းသည် ပထမပိုင်းအတွင်း အခွင့်အရေးအချို့ ရရှိခဲ့သော်လည်း ရရှိသည့် အခွင့်အရေးများကို အသုံးမချနိုင်ခဲ့သောကြောင့် ပထမပိုင်းတွင် ပါလက်စတိုင်း အသင်းက ၁-၀ ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။ ဒုတိယပိုင်းပြန်လည် စတင်ချိန်တွင် မြန်မာအသင်းအနေဖြင့် တိုက်စစ်ကစားပုံကို ပြောင်းလဲခဲ့ပြီး ငြိမ်းမင်းစိုးက ချေပဂိုးနှင့် အနိုင်ဂိုးကို ပြန်လည် သွင်းယူနိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထိုပွဲစဉ်နှင့် ပတ်သက်၍ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနည်းပြချုပ် Mr. Bunlert Charoenwong က “ပထမ […]

Continental Futsal Championship ဆီမီးဖိုင်နယ်တွင် ချက်အသင်းကို ရှုံးနိမ့်

August 11, 2023 / By Admin

Continental Futsal Championship 2023 ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာအသင်းနှင့် ချက် အသင်းနဲ့ပွဲစဉ်တွင် မြန်မာအသင်းသည် ၅-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ချက်အသင်းအတွက် သွင်းဂိုးများကို ပထမပိုင်းတွင် နှစ်ဂိုး၊ ဒုတိယပိုင်းတွင် သုံးဂိုး သွင်းယူခဲ့ခြင်းဖြစ်ပြီး မြန်အအသင်းအတွက် ချေပဂိုးကို လှိုင်မင်းထွန်းက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ချက်နှင့် ကစားခဲ့သော ဆီမီးဖိုင်းနယ် ပွဲစဉ် မြန်မာဖူဆယ် အသင်းနည်းပြချုပ် Mr.Bunlert Charoenwong က”ဒီပွဲစဉ်ရဲ့ ရလဒ်ကို ကျေနပ်ပါတယ်။ ချက်အသင်းနဲ့ ကျွန်တော်တို့ အသင်းထက် ကမ္ဘာ့အဆင့် ရပ်တည်မှုမြင့်မားတဲ့ အသင်းတစ်သင်းပါ။ ဒီပွဲစဉ်မှာ ကစားသမားတွေလည်း အကောင်းဆုံး ကစားခဲ့ကြပါတယ်။ ကျွန်တော်တို့ ပြန်ရောက်တာနဲ့ အမှားတွေကို ပြင်ဆင်ပြီး ကစားသမားတွေအနေနဲ့ နည်းစနစ်အတိုင်း သေချာကစားနိုင်အောင် […]

မြန်မာလက်ရွေးစင် ဖူဆယ် အသင်း ဆော်လမွန် ကျွန်းစု အသင်းကို အနိုင်ရရှိ

August 8, 2023 / By Admin

Continental Futsal Championship 2023 ပြိုင်ပွဲ အုပ်စု (က) ဒုတိယပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသော မြန်မာအသင်းနှင့် ဆော်လမွန် ကျွန်းစု အသင်း တို့ပွဲစဉ်တွင် မြန်မာအသင်းသည် (၆-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းအသင်းအတွက် ဂိုးများကို ထွဋ်ဝေထွန်းက (၂)ဂိုး၊ ငြိမ်းမင်းစိုးက(၂)ဂိုး၊ နိုင်လင်းထွန်းကျော်နှင့် ရှိုင်းထက်အောင်တို့က တစ်ဂိုးစီ သွင်းယူခဲ့ခြင်းဖြစ်သည်။ ပွဲအပြီးတွင် မြန်မာအသင်းနည်းပြချုပ် Bunlert Charoenwong က ” ဒီနေ့ ကစားသမားတွေရဲ့ ခြေစွမ်းကို ကျေနပ်ပါတယ်။ ဒီပွဲမှာ ကစားသမားတွေက ယုံကြည်ချက်ရှိရှိနဲ့ ကစားနိုင်ခဲ့ကြတယ်။ နည်းစနစ်အတိုင်းလဲကစားနိုင်ခဲ့ကြပါတယ်။ အခု ကျွန်တော်တို့မှာ နားရက် နှစ်ရက်ရရှိပါတယ်။ ဒီနှစ်ရက်မှာ ကျွန်တော်တို့ ထိုင်းနဲ့ ပွဲက အမှားတွေကို ပြင်ဆင်သွားပါမယ်။ ဒီပြိုင်ပွဲက ကစားသမားတွေအတွက် အာရှခြေစစ်ပွဲအတွက် […]

Continental Futsal Championship 2023 အဖွင့်ပွဲတွင် မြန်မာအသင်း ထိုင်းအသင်းကို ရှုံးနိမ့်

August 7, 2023 / By Admin

Continental Futsal Championship 2023 ပြိုင်ပွဲ အုပ်စု (က) အဖွင့်ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသော မြန်မာအသင်းနှင့် ထိုင်းအသင်းနှင့် ပွဲစဉ်တွင် မြန်မာအသင်းအနေဖြင့် ထိုင်းအသင်းကို (၅-၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ထိုင်းအသင်းအတွက် ဂိုးများကို ပထမိုင်းတွင် တစ်ဂိုး၊ ဒုတိယပိုင်းတွင် လေးဂိုးသွင်းယူခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းအနေဖြင့် အခွင့်အရေး အချို့ ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့သောကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ပွဲအပြီးတွင် မြန်မာအသင်းနည်းပြချုပ် Bunlert Charoenwong က “ပထမပိုင်းမှာ ကစားသမားတွရဲ့ကစားပုံက ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ အာရုဏ်စိုက်မှု‌ ‌‌‌‌လျော့ခဲ့တယ်။ ကျွန်တော်တို့က အာရှခြေစစ်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ပြီး ဒီပြိုင်ပွဲမှာ နောက်တစ်ဆင့် တက်ဖို့အတွက် မနက်ဖြန်ကစားမယ့် ဆော်လမွန် အသင်းနဲ့ပွဲစဉ်ကို အနိုင်ရဖို့ကြိုးစားပါမယ်” ဟု ပြောကြားခဲ့သည်။ မြန်မာအသင်းသည် […]

မြန်မာဖူဆယ်အသင်း Continental Futsal Championship ပြိုင်ပွဲ အုပ်စု (A)တွင် ယှဉ်ပြိုင်ရမည်

July 21, 2023 / By Admin

ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် Continental Futsal Championship2023 ပြိုင်ပွဲ မဲခွဲပွဲကို ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ဇူလိုင် ၂၁ ရက် နေ့လယ် ၁း၀၀ နာရီအချိန်က ကျင်းပခဲ့ရာတွင် မြန်မာအသင်းသည် အုပ်စု (A)၌ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ Continental Futsal Championship 2023 ပြိုင်ပွဲ၏ အုပ်စု မဲခွဲပွဲတွင် မြန်မာအသင်းသည် မဲအိုးနံပါတ် (၃)တွင် ကျရောက်ခဲ့ပြီး မဲခွဲရာတွင် အုပ်စု (A) သို့ ရောက်ရှိခဲ့ခြင်းကြောင့် အိမ်ရှင်ထိုင်း အသင်း၊ ဆော်လမွန် ကျွန်းစု အသင်း တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စု (ခ)တွင် ချက်၊ မိုဇမ်ဘစ်၊ အာဖဂန်နစ္စတန် အသင်းတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ Continental Futsal Championship 2023 […]

မြန်မာ့လက်ရွေးစင် ယူ-၁၈ ဖူဆယ်အသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာ

December 2, 2022 / By Admin

မြန်မာ့လက်ရွေးစင် ယူ-၁၈ ဖူဆယ် အသင်းသည် ထိုင်းနိုင်ငံတွင် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ဒီဇင်ဘာ ၂ရက် နေ့လယ် ၁၂ နာရီ အချိန်က ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ မြန်မာ့လက်ရွေးစင် ယူ-၁၈ ဖူဆယ် အသင်းသည် ထိုင်းနိုင်ငံတွင် ခြေစမ်းပွဲ ခြောက်ပွဲယှဉ်ပြိုင်ကစားမည် ဖြစ်ပြီးအုပ်ချုပ်နည်းပြ (၈)ဦးနှင့် ကစားသမား ၂၄ ဦးတို့ လိုက်ပါသွားခဲ့သည်။ မြန်မာ့လက်ရွေးစင် ယူ-၁၈ ဖူဆယ် အသင်း အုပ်ချုပ်နည်းပြအဖွဲ့အဖွဲ့ခေါင်းဆောင် – ဒေါက်တာ ရဲမွန်ထွဋ်အုပ်ချုပ်သူ – ဦးရဲဝင်းထွန်းနည်းပြချုပ် – Mr. Bunlert Charoenwongလက်ထောက်နည်းပြများ – ဦးဌေးမြင့်၊ ဦးမောင်မောင်လွင်ဂိုးနည်းပြ – ဦးဟန်မင်းထွဋ်ကြံ့ခိုင်ရေးနည်းပြ- Mr. Tawan Wuttiအကြောကျွမ်းကျင် – ဦးသူရတိုး ဂိုးသမားများ – ဝေလင်းဖြိုး၊ စွမ်းလင်းထက်၊ […]

AFC Futsal Level-1 Coaching Certificate Course မန္တလေးမြို့တွင် ဖွင့်လှစ်မည်

September 16, 2022 / By Admin

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဖူဆယ်နှင့်သဲသောင်ပြင်ဘောလုံး ကော်မတီ တို့မှ ပူးပေါင်းစီစဉ်ကျင်းပမည့် AFC Futsal Level-1 Coaching Certificate Course သင်တန်း ကို လာမည့် အောက်တိုဘာ ၆ရက်မှ ၁၁ရက်အထိ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ မြန်မာ့ဖူဆယ်ဘောလုံးလောကတိုးတက်ရေးအတွက် ပြည်တွင်းနည်းပြကောင်းများစွာ ထွက်ပေါ်လာရန် ရည်ရွယ်ချက်ဖြင့် အဆိုပါသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား/ သူ (၂၀)ဦးအထိ တက်ရောက်နိုင်ရန် စီစဉ်ထားသည်။ သင်တန်းကြေး အဖြစ် ကျပ်တစ်သိန်းသတ်မှတ်ထားပြီး သင်တန်းကာလအတွင်း ဝတ်စုံ၊ နေ/ထိုင် / စားသောက်စရိတ်များကို စီစဉ်ပေးသွားမည်ဖြစ်သည်။ သင်တန်းဆရာများအဖြစ် ဦးတင်မောင်ဌေးနှင့် ဦးကျော်ဇင်ညွှန့် တို့က သင်ကြားပြသပေးသွားမည်ဖြစ်ပြီး ပြည်တွင်းနည်းပြနှစ်ဦးမှ တာဝန်ယူသင်ကြားပေးမည့် ပထမဆုံးဖူဆယ်သင်တန်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဖူဆယ်နှင့်သဲသောင်ပြင်ဘောလုံး ကော်မတီ တို့ ပူးပေါင်းပြီး ၂၀၂၂ခုနှစ် […]

အမျိုးသမီးဖူဆယ်တွင် မလေးရှားနှင့် မြန်မာအသင်း (၃-၃)ဂိုး သရေကျ

May 19, 2022 / By Admin

(၃၁)ကြိမ်မြောက် ဆီးဂိမ်းစ် အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲအဖြစ် မလေးရှားနှင့် မြန်မာအသင်းတို့ ယနေ့ (မေ ၁၉ရက်)တွင် Ha Nam Gymnasium၌ ယှဉ်ပြိုင်ကစားခဲ့ရာ (၃-၃)ဂိုး သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ ယခုပွဲသည် နှစ်သင်းစလုံးအတွက် ဆီးဂိမ်းစ် အမျိုးသမီး အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်ဖြစ်ပြီး တတိယနေရာလုပွဲအတွက် အဆုံးအဖြတ်ပွဲစဉ်ဖြစ်သောကြောင့် အကြိတ်အနယ် ကစားခဲ့သည်။ မြန်မာအသင်းသည် ခိုင်နှင်းသန့်(ဂိုး)၊ ခင်မာလင်း၊ နှင်းစန္ဒ္ဒာလှိုင်၊ ဇင်မိုးပြည့်၊ နန့်မေသဇင်တို့ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲချိန် (၁) မိနစ်တွင် မလေးရှားအသင်းက ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ သို့သော် မြန်မာအသင်းက ((၉)မိနစ်တွင် မေသက်ပိုင်၊ (၁၆) မိနစ်တွင် နန့်မေသဇင် နှင့်(၂၀) မိနစ်တွင် ယွန်းမီမီလွင်တို့က (၃) ဂိုးဆက် သွင်းယူခဲ့သောကြောင့် ပထမပိုင်းအပြီးတွင် (၃-၁)ဂိုးဖြင့် ဦးဆောင်ကစားခဲ့သည်။ […]