Category: <span>Women U-14</span>

The MFF » Women U-14

အာရှ ယူ၁၄ အမျိုးသမီး ပြိုင်ပွဲဝင် မြန်မာအမျိုးသမီး အသင်းအား MFF ဥက္ကဋ္ဌ ပို့ဆောင်နှုတ်ဆက်

March 10, 2016 / By Admin

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ဂျပန်နိုင်ငံတွင် ကျင်းပမည့် JHENSEYS 2015 ASEAN U-14 GIRLS’ FOOTBALL FESTIVAL အာရှ အမျိုးသမီး ယူ၁၄ ဖိတ်ခေါ် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ၁၄ အမျိုးသမီး အသင်းအား ယနေ့ ညနေက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက် ပို့ဆောင် နှုတ်ဆက်ခဲ့သည်။ မြန်မာ အမျိုးသမီး ယူ-၁၄ အသင်းအား တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာ ကျောင်းများမှ အရည်အချင်းရှိ ကျောင်းသူများ အားအခြေခံ ရွေးချယ် ထားခြင်း ဖြစ်သည်။ ကစားသမား အားလုံးနီးပါးမှာ ယခင်နှစ်က ကျင်းပခဲ့သည့် သက်တမ်းအလိုက် အမျိုးသမီး ပြိုင်ပွဲများမှ ကစားသမားများအား […]

AFC U-14 Girls’ Regional Championshipတွင် မြန်မာပါဝင် ယှဉ်ပြိုင်မည်

January 14, 2016 / By Admin

အာရှ ဘောလုံးအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သည့် အသက်(၁၄)နှစ်အောက် ဒေသတွင်း အမျိုးသမီးဘောလုံးပြိုင်ပွဲ ( AFC U-14 Girls’ Regional Championship)သို့ မြန်မာနိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။   အဆိုပါ ပြိုင်ပွဲတွင် အာရှဇုန် (၄)ဇုန်ခွဲ၍ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စုစုပေါင်းအသင်း (၂၉)သင်း ပါဝင်ယှဉ်ပြိုင် သွားမည်။ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံဇုန်မှ ၀င်ရောက် ယှဉ်ပြိုင် မည်ဖြစ်ပြီး လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် နှင့် မြန်မာနိုင်ငံ အပါအ၀င် စုစုပေါင်း (၈)နိုင်ငံပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ၄င်းပြိုင်ပွဲကို ၂၀၁၆ခုနှစ် မေ ၂၆ မှ ၃၀ ရက်နေ့ထိ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ ကျင်းပပြုလုပ် […]