
MFF COACH EDUCATORS’ SKILL DEVELOPMENT WORKSHOP 2024 ကျင်းပ ပြီးစီး
April 29, 2024
Media Guideline
May 3, 2024မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဒိုင်ကော်မတီ ဒိုင်ဌာနတို့ ပူးပေါင်းဖွင့်လှစ်သော MFF Basic Futsal Referee Course 1/2024 သင်တန်းဖွင့်ပွဲ အခမ်းအနားကို သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ဧပြီ ၃၀ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် ခေတ္တ အထွေထွေအတွင်းရေးမှူး ဦးအောင်မျိုးစော၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဖူဆယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးလှတင့်၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများတက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် ခေတ္တ အထွေထွေအတွင်းရေးမှူး ဦးအောင်မျိုးစော၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင်၊ ဖူဆယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးလှတင့်တို့က သင်တန်းအဖွင့် နှုတ်ခွန်းဆက် စကားများ အသီးသီးပြောကြားခဲ့ပြီးနောက် သင်တန်းသားများနှင့် တစ်ဦးချင်းမိတ်ဆက်ကာ ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့သည်။


MFF Basic Futsal Referee Course 1/2024 သင်တန်းကို ဧပြီ ၃၀ ရက်မှ မေ ၆ ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်ပြီး သင်တန်းသား ၂၉ ဦးနှင့် သင်တန်းသူ ၁ ဦး တက်ရောက်လျက်ရှိသည်။