
MFF Basic Futsal Referee Course 1/2024 သင်တန်းဖွင့်ပွဲကျင်းပ
April 30, 2024
MFF Basic Referee Course 2/2024 သင်တန်းဖွင့်လှစ်မည်
May 6, 2024“ကွင်းအတွင်းဝင်ရောက်ရမည့်နေရာ”
အချက်အလက် အပြည့်အစုံ၊ ဓါတ်ပုံဖြင့် မီဒီယာကတ် ရထားပြီးသူများ အနေဖြင့် သုဝဏ္ဏကွင်းအတွင်းသို့ သတ်မှတ်ထားသော ဝင်ပေါက်မှ ဝင်ရောက်ရမည်။
“မီဒီယာစင်တာ”
မီဒီယာစင်တာသည် သုဝဏ္ဏကွင်း မြေညီထပ်တွင် တည်ရှိပြီး(ပြိုင်ပွဲ အပေါ် မူတည်၍ နေရာအပြောင်းအလဲရှိနိုင်) အချက်အလက် အပြည့်အစုံ၊ ဓါတ်ပုံဖြင့် မီဒီယာကတ် ရထားပြီးသူများ အားလုံး ဝင်ရောက် နားနေအသုံးပြုနိုင်ပါသည်။
မီဒီယာသမားများ လုပ်ငန်းဆောင်ရွက်နိုင်ရန် အတွက် စားပွဲများ၊ ထိုင်ခုံများ၊ Wifi နှင့် ရေသန့်ဘူးများ စီစဉ်ထားရှိပေးပါမည်။
“Media Tribune”
Media Tribune သည် သုဝဏ္ဏကွင်း အထူးတန်း ပွဲကြည့်စဉ်၏ VIP ဧရိယာ ဘေးတွင် တည်ရှိသည်။ Media Tribune တွင် အချက်အလက် အပြည့်အစုံ၊ ဓါတ်ပုံဖြင့် မီဒီယာကတ် ရထားပြီးသူများ အနေဖြင့် ဝင်ရောက်ကြည့်ရှု သတင်းရယူနိုင်သည်။ သို့သော် Media Tribune အတွင်းတွင် ဓါတ်ပုံ၊ ဗီဒီယို ကင်မရာများအပြင် လက်ကိုင်ဖုန်းများဖြင့် ရိုက်ကူးမှုများကို လုံးဝ (လုံးဝ) ခွင့်ပြုမည် မဟုတ်ပါ။
“Photographer Entrance”
Photographer Entrance သည် သုဝဏ္ဏကွင်း အထူးတန်း ပွဲကြည့်စဉ် ဘေးနှစ်ဘက်တွင် ရှိပါသည်။
အချက်အလက် အပြည့်အစုံ၊ ဓါတ်ပုံဖြင့် မီဒီယာကတ် ရထားပြီးသူ(PHO)ကတ် ရရှိထားသူများသာ(သင့်တင့်လျှောက်ပတ်သော အဝတ်အစား၊ ရှူးဖိနပ်များ၊ ကင်မရာများဖြင့်သာ)ကွင်း အတွင်း ဝင်ရောက် ဓါတ်ပုံရိုက်ကူးခွင့် ရှိမည်ဖြစ်သည်။ အခြားကတ် (ဥပမာ PRE, NRH) ကိုင်ဆောင်ထားသူများ အနေဖြင့် ကွင်းအတွင်း ဓါတ်ပုံဝင်ရောက်ရိုက်ကူးခွင့် ရှိမည် မဟုတ်ပါ။
“MIX Zone”
MIX Zone သည် ပြိုင်ပွဲဝင် အသင်းများမှ ကစားသမား၊ နည်းပြ၊ အသင်းတာဝန်ရှိသူများသည် ကွင်းအတွင်း အဝင်အထွက်ပြုလုပ်ရာတွင် မဖြစ်မနေ ဖြတ်သန်းရမည့် နေရာဖြစ်သည်။ ထိုနေရာတွင် အချက်အလက် အပြည့်အစုံ၊ ဓါတ်ပုံဖြင့် မီဒီယာကတ် ရထားပြီးသူများ အနေဖြင့် စက္ကန့် ၉၀ ထက်မပိုသော အင်တာဗျူးများ ပြုလုပ်နိုင်သည်။ သို့သော် ကစားသမားများ၊ နည်းပြများအနေဖြင့် Host Broadcaster မှ လွဲ၍ အခြားမီဒီယာများကို အင်တာဗျူး ဖြေဆိုရန် ငြင်းဆိုပိုင်ခွင့် ရှိသည်။
“သတင်းစာရှင်းလင်းပွဲ ခန်းမ”
သတင်းစာရှင်းလင်းပွဲ ခန်းမသည် သုဝဏ္ဏကွင်း၏ ပထမထပ်တွင် တည်ရှိပြီး ပွဲကြိုနှင့် ပွဲပြီး သတင်းစာ ရှင်းလင်းပွဲများကို ကျင်းပမည် ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲခန်းမသို့ အချက်အလက် အပြည့်အစုံ၊ ဓါတ်ပုံဖြင့် မီဒီယာကတ် ရထားပြီးသူတိုင်း ဝင်ရောက်သတင်းရယူနိုင်သည်။ သို့သော် ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးမှုများကို သတ်မှတ်ပေးထားသော နေရာများတွင်သာ ရိုက်ကူးခွင့်ပြုမည် ဖြစ်သည်။
“Official Training”
Official Training သည် ပွဲမကစားမီ တစ်ရက်တွင် ပြိုင်ပွဲကျင်းပမည့် ကွင်းအတွင်းတွင် ပြိုင်ပွဲဝင် အသင်းများ လေ့ကျင့်ကြမည် ဖြစ်သည်။ Official Training အချက်အလက် အပြည့်အစုံ၊ ဓါတ်ပုံဖြင့် မီဒီယာကတ် ရထားပြီးသူ (PHO, NRH ကိုင်ဆောင်ထားသူများသာ) လေ့ကျင့်မှု ပုံရိပ်များကို ပြိုင်ပွဲ၏ မီဒီယာ အရာရှိ၏ စီစဉ်ပေးမှုအတိုင်း ရိုက်ကူးခွင့် ရှိမည် ဖြစ်သည်။ (PRE) ကတ် ကိုင်ဆောင်ထားသူများအနေဖြင့် ကွင်းအတွင်း ဝင်ရောက်ခွင့် ရရှိမည် မဟုတ်။
“ပွဲနေ့ သတင်းရယူမှုနှင့် ရိုက်ကူးမှုများ”
အချက်အလက် အပြည့်အစုံ၊ ဓါတ်ပုံဖြင့် မီဒီယာကတ် ရထားပြီးသူများသည် ပြိုင်ပွဲကျင်းပမည့် ရက်များတွင် သတင်းရယူ ရိုက်ကူးမှု ပြုလုပ်မည့် သူများအနေဖြင့် အောက်ပါ အချက်အလက်များကို မဖြစ်မနေ လိုက်နာရန် လိုအပ်သည်။
၁။ အချက်အလက် အပြည့်အစုံ၊ ဓါတ်ပုံဖြင့် မီဒီယာကတ် ရထားပြီးသူများအနေဖြင့် သတ်မှတ်ထားသော Media Tribune တွင်သာ ဝင်ရောက် သတင်းယူခွင့် ရရှိမည် ဖြစ်ပြီး ပရိသတ်ပွဲကြည့်စင် အတွင်း ဝင်ရောက်ကြည့်ရှုခွင့် ပြုမည် မဟုတ်ပါ။ ပရိသတ် အတွင်း ဝင်ရောက်ကြည့်ရှုခြင်းကို တွေ့ရှိခဲ့ပါက ထုတ်ပေးထားသော မီဒီယာ ကတ်များကို ပြန်လည် သိမ်းယူမည် ဖြစ်သည်။
၂။ အချက်အလက် အပြည့်အစုံ၊ ဓါတ်ပုံဖြင့် မီဒီယာကတ် ရထားပြီးသူ (PHO)ကတ် ကိုင်ဆောင်ထားသူများသာ ကွင်းအတွင်း ဝင်ရောက် ဓါတ်ပုံ ရိုက်ကူးခွင့် ရှိမည် ဖြစ်သည်။ သို့သော် သတ်မှတ်ထားသော နေရာများတွင်သာ ရိုက်ကူးခွင့် ရှိမည်ဖြစ်ပြီး ဗီဒီယို ရိုက်ကူးမှုကို လုံးဝ (လုံးဝ) ခွင့်မပြုပါ။ ဗီဒီယို ရိုက်ကူးမှုကို တွေ့ရှိပါက ထုတ်ပေးထားသော မီဒီယာကတ်ကို ပြန်လည်သိမ်းယူမည် ဖြစ်ပြီး ရိုက်ကူးထားမှုများကို ပြန်လည် ဖျက်ပေးရမည် ဖြစ်သည်။
၃။ PHO ကတ်ကိုင်ဆောင်ထားသူများအနေဖြင့် ပွဲမစခင်တွင် မိမိရိုက်ကူးလိုသည့်နေရာ (သတ်မှတ်ပေးထားသော ဂိုးလိုင်း အနောက်ဘက်ရှိ ကြော်ငြာဘုတ်များ အနောက်)ကို ရွေးချယ်ရမည် ဖြစ်ပြီး ပွဲစဉ်စတင်သည်နှင့် ကွင်းအတွင်းမှ နေရာကူးပြောင်းခွင့်ရှိမည် မဟုတ်ပါ။ မိမိရွေးချယ်ထားသော ဂိုးလိုင်းဘက်မှ အခြားဂိုးလိုင်းဘက်သို့ ပြောင်းရွှေ့ လိုပါက ကွင်းအပြင်သို့ ပြန်လည် ထွက်ခွာပြီး အခြားတစ်ဘက်ရှိ Photographer Entrance မှနေ၍ ကွင်းအတွင်း ပြန်လည် ဝင်ရောက်နိုင်သည်။ PHO ကတ် ကိုင်ဆောင်ထားသူများ အနေဖြင့် သတ်မှတ်ပေးထားသော Photographer Entrance မှ သာ ဝင်ရောက်ခွင့်ရှိမည် ဖြစ်ပြီး Player Tunnel မှ ဝင်ထွက်ခြင်းကို လုံးဝ (လုံးဝ) ခွင့်ပြုမည် မဟုတ်ပါ။