MFF U-12 Boys’ States & Regions Tournament 2018 တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၂ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိ

The MFF » latest news » MFF U-12 Boys’ States & Regions Tournament 2018 တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၂ ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိ

December 9, 2018 / By Admin

မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ပေါ်ထွက်ရေး အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ပညာရေး ဝန်ကြီးဌာန ပူပေါင်းပြီး ကျင်းပနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၂ ဘောလုံးပြိုင်ပွဲ MFF U-12 Boys’ States & Regions Tournament 2018 ပြိုင်ပွဲမှာ ကွာတား အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကွာတားအဆင့်သို့ အုပ်စု (က)မှ ဧရာဝတီနှင့် ကရင်၊ အုပ်စု (ခ)မှ ရှမ်း (တောင်)နှင့် စစ်ကိုင်း၊ အုပ်စု (ဂ)မှ ချင်းနှင့် ကချင်၊ အုပ်စု (ဃ) မကွေးနှင့် တနင်္သာရီတို့ တက်ရောက်နိုင်ခဲ့သည်။

ကွာတား ပွဲစဉ်များကို ဒီဇင်ဘာ ၁၀ ရက်တွင် မြန်မာ ဘောလုံးအကယ်ဒမီ (ရန်ကုန်) မြက်ခင်းတု ကွင်းနှစ်ကွင်း၌ နှစ်ပွဲစီ ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပြီး နံနက် ၈း၀၀ နာရီတွင် ဧရာဝတီနှင့် ကချင်၊ ရှမ်း (တောင်)နှင့် တနင်္သာရီ၊ ညနေ ၄း၀၀ နာရီတွင် ချင်းနှင့် ကရင်၊ မကွေးနှင့် စစ်ကိုင်းတို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။

ယင်းနောက် ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဒီဇင်ဘာ ၁၂ ရက်၊ ညနေ ၄း၀၀ နာရီအချိန်တွင် ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပြီး ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၄ ရက်၊ ညနေ ၄း၀၀ နာရီတွင် ကစားမည် ဖြစ်သည်။