December 14, 2018 / By Admin
မျိုးဆက်သစ် ကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ပညာရေး ဝန်ကြီးဌာန ပူးပေါင်း ကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၂ ဘောလုံးပြိုင်ပွဲ MFF U-12 Boys’ States & Regions Tournament 2018 ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ ဒီဇင်ဘာ ၁၄ ရက်၊ ညနေ ၄း၀၀ နာရီတွင် အမျိုးသား ဘောလုံး အကယ်ဒမီ မြက်ခင်းတုကွင်း၌ ကျင်းပမည် ဖြစ်သည်။
အကြိုဗိုလ်လုပွဲတွင် ရှမ်း (တောင်)ကို အနိုင်ရခဲ့သည့် ဧရာဝတီအသင်းနှင့် ချင်းကို အနိုင်ရခဲ့သည့် မကွေးအသင်းတို့မှာဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။
ဗိုလ်စွဲသည့် အသင်းမှာ ဆုဖလား၊ ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ် ၁၅ သိန်း၊ ဒုတိယရသည့် အသင်းမှာ ဆုတံဆိပ်နှင့် ကျပ် ၁၀ သိန်း၊ ပူးတွဲ တတိယရသည့် အသင်းများမှာ ဆုတံဆိပ်နှင့် ကျပ် ၅ သိန်းစီ ချီးမြှင့်ခံရမည် ဖြစ်သည်။ ပြိုင်ပွဲ တလျှောက် အကောင်းဆုံး ကစားသမားဆုနှင့် ဂိုးသွင်းများဆုံး ကစားသမားဆုလည်း ပေးအပ်မည်ဖြစ်ပြီး ဆုရရှိသူများကို ဆုကြေးငွေကျပ် ၁ သိန်းစီ ချီးမြှင့်မည် ဖြစ်သည်။
ပြိုင်ပွဲကာလ တလျှောက်လုံး MFF နည်းစနစ်ဌာနမှ တာဝန်ပေးထားသည့် Scounting အဖွဲ့များမှ ထူးချွန်သည့် ပါရမီရှင် လူငယ်များကို အကဲဖြတ် စောင့်ကြည့် ရွေးချယ်မှုများလည်း ပြုလုပ်နေသည်။