
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအား ဂုဏ်ပြုဆုငွေ ကျပ် သိန်း ၅၀၀ ချီးမြှင့်
July 21, 2022
ဒိုင်ကြီးကြပ်၊ ဒိုင်နှင့် အကူဒိုင်များ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
July 22, 2022အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင်၂၂ ရက်မှ ဩဂုတ် ၄ ရက်အထိ ကျင်းပပြုလုပ်မည့် အာဆီယံ ယူ- ၁၈ အမျိုးသမီး ချန်ပီယံရှစ် (AFF U-18 Girl’s Championship) ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီး ယူ -၁၈ အသင်းသည် ယနေ့ ဇူလိုင် ၂၁ရက် ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် ပြိုင်ပွဲကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘန် မြို့သို့ ထွက်ခွာခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီး ယူ -၁၈ အသင်းတွင် အုပ်ချုပ်နည်းပြအဖွဲ့ဝင် ၁၁ ဉီး၊ ကစားသမား ၂၈ ဉီး ပါဝင်ပြီး ဇူလိုင် ၂၅ ရက်တွင် မလေးရှားအသင်း၊ ဇူလိုင် ၂၇ ရက်တွင် ဖိလစ်ပိုင်အသင်း၊ ဇူလိုင် ၂၉ရက်တွင် ဩစတြေးလျအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီး ယူ-၁၈ အသင်း
ဂိုး – မေဦးခင်၊ ဖီးဗေ၊ လူစီယာ။
နောက်တန်း – ကြယ်စင်၊ နွယ်မိုး၊ မိုးပြည့်ပြည့်မောင်၊ နန်းရွှေသင်း၊ ဖြူဖြူ၀င်း၊ မေသက်မွန်မြင့်၊ ခင်ဌေးကြိုင်၊ ရွှန်းလဲ့နိုင်၊ ဖြူဖွေး။
အလယ်တန်း– နှင်းပွင့်အေး၊ ဝေဖူးအိမ်၊ ဝေဟင်ဖြိုး၊ ထက်ထက်၀င်း၊ ဟေမာန်စိုး၊ ခင်စန်းလွင်၊ ဒေစီအောင်၊ အေးထက်ထက်ပိုင်၊ နန်းချိုမွှေး၊ ဂျူးထက်ဝေ။
ရှေ့တန်း– ယဉ်လွန်းအိမ်၊ သိင်္ဂီထွေး၊ ဖျာမြှာမိုးမိုးအေး၊ ဇင်မိုးပြည့်၊ စုမြတ်နိုး၊ ဒီဇင်ဘာနှင်း။