
အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် ဩစတြေးလျအသင်းကို မြန်မာအသင်း အနိုင်ရရှိ
August 2, 2022
FOOTBALL/ FUTSAL ဒိုင်သင်တန်း (MODULE -2) သင်တန်းဆင်းပွဲကျင်းပ
August 4, 2022မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် ၂၀၂၂ ဗီယက်နမ် ယူ- ၁၉ ဖိတ် ခေါ်ပြိုင်ပွဲ(International U-19 Football Tournament 2022) ဝင်ရန် ဗီယက်နမ်နိုင်ငံ၊ဘန်ဒေါင်းမြို့သို့ ယနေ့ (သြဂုတ် ၃ ရက်) တွင် ထွက်ခွာခဲ့သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းတွင် အုပ်ချုပ်/နည်းပြ အဖွဲ့ဝင် ၆ ဦး၊ ကစားသမား ၂၅ ဦးပါဝင်ပြီး ဗီယက်နမ် ယူ- ၁၉ ဖိတ် ခေါ်ပြိုင်ပွဲတွင် ဗီယက်နမ်၊ ထိုင်း၊ မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဗီယက်နမ် ယူ- ၁၉ ဖိတ် ခေါ်ပြိုင်ပွဲကို (၄)သင်း ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အမှတ်အများဆုံး (၂)သင်းမှာ ဗိုလ်လုပွဲ၊ အဆင့် (၃ ၊ ၄) နေရာရ အသင်းများမှာ တတိယလုပွဲ ကစားရမည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် သြဂုတ် (၅)ရက်တွင် ဗီယက်နမ်၊ သြဂုတ် (၇)ရက်တွင် ထိုင်း၊ သြဂုတ် (၉) ရက်တွင် မလေးရှား အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး တတိယလုပွဲနှင့် ဗိုလ်လုပွဲကို သြဂုတ်(၁၁) ရက်တွင် ကျင်းပမည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် ဗီယက်နမ် ယူ- ၁၉ ဖိတ် ခေါ်ပြိုင်ပွဲပြီးနောက် ဆော်ဒီအာရေဗျနိုင်ငံတွင် စက်တင်ဘာ ၁၀ရက်မှ ၁၈ ရက်ထိ ကျင်းပမည့် အာရှ ယူ-၂၀ ခြေစစ်ပွဲ အုပ်စု (က)တွင် အိမ်ရှင် ဆော်ဒီအာရေဗျ၊ တရုတ်၊ မော်လ်ဒိုက်၊ ဉဇဘက်ကစ္စတန်တို့နှင့် ယှဉ် ပြိုင်ကစားရမည်ဖြစ်သည်။
အာရှ ယူ-၂၀ ခြေစစ်ပွဲ အုပ်စု (က) ပွဲစဉ်များကို အာရှဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာ ယူ-၁၉ အသင်းသည် စက်တင်ဘာ(၁၀)ရက်တွင် တရုတ်၊ စက်တင်ဘာ(၁၃)တွင် ဉဇဘက်ကစ္စတန်၊ စက်တင်ဘာ(၁၆)တွင် ဆော်ဒီအာရေဗျ၊ စက်တင်ဘာ(၁၈)တွင် မော်လ်ဒိုက် အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာအသင်းပါဝင်သည့် အုပ်စု(က)တွင် ၂၀၂၃ နောက်ဆုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပမည့် ဉဇဘက်ကစ္စတန် အသင်းပါဝင်နေပြီး ဉဇဘက်ကစ္စတန်မှာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ထား၍ ယင်းအသင်းနှင့်ကစားသည့် ရလဒ်များကို ထည့်သွင်းတွက်ချက်မည် မဟုတ်ဘဲ ဆော်ဒီအာရေဗျ၊ တရုတ်၊ မော်လ်ဒိုက်နှင့် မြန်မာအသင်းတို့ အုပ်စုပတ်လည် ကစားသည့် ရလဒ်ကိုသာ တွက်ချက်ကာ ခြေစစ်ပွဲ အောင်မည့် အသင်းကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။