အာရှ ယူ-၂၀ ပြိုင်ပွဲ ခြေစစ်ပွဲဝင်ရန် မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်း ထွက်ခွာ

The MFF » Latest Activities » အာရှ ယူ-၂၀ ပြိုင်ပွဲ ခြေစစ်ပွဲဝင်ရန် မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်း ထွက်ခွာ

March 6, 2023 / By Admin

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ယနေ့ (မတ် ၆ ရက်) နံနက်ပိုင်းက ကမ္ဘောဒီးယား နိုင်ငံသို့ ထွက်ခွာခဲ့သည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းကို အုပ်ချုပ်သူအဖြစ် ဒေါ်နှင်းစန္ဒာဦး၊ နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းတို့မှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး အုပ်ချုပ်/နည်းပြ ၉ ဦး၊ ကစားသမား ၂၃ ဦး၊ စုစုပေါင်း ၃၂ ဦးလိုက်ပါသွားသည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် အာရှခြေစစ်ပွဲ ပထမအဆင့် အုပ်စု (G)အဖြစ် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်မှ ၁၂ ရက်ထိ အိမ်ရှင် ကမ္ဘောဒီးယား၊ မလေးရှား အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် မတ်လ ၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃း၃၀ နာရီတွင် ကမ္ဘောဒီးယားအသင်း၊ မတ်လ ၁၂ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃း၃၀ နာရီတွင် မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာအမျိုးသမီး ယူ-၂၀ အုပ်ချုပ်/နည်းပြစာရင်း

အသင်းမန်နေဂျာ- ဒေါ်နှင်းစန္ဒာဦး
နည်းပြချုပ် – ဒေါ်စန်းစန်းသိန်း
လက်ထောက်နည်းပြများ – ဒေါ်နွယ်နွယ်တိုး၊ ဒေါ်စန်းယုနိုင်
ဂိုးနည်းပြ – ဒေါ်မေခင်ယမင်း
အသင်းအတွင်းရေးမှူး- ဒေါ်ဆုပြည့်စုံအောင်
အသင်းဆရာဝန်- ဒေါက်တာပွင့်မာလာသော်
အသင်းမီဒီယာ- ဦးဝင်းကိုကို
အကြောကျွမ်းကျင်- ဦးလွင်ဦးကို

မြန်မာအမျိုးသမီး ယူ-၂၀ ကစားသမား စာရင်း

ဂိုး – မေဦးခင် (ISPE FC)၊ ဖီးဗေ (Y.R.E.O FC)၊ သူဇာအောင် (ဧရာဝတီ တိုင်းဒေသကြီး)။
နောက်တန်း – ဖြူဖွေး၊ ယုယုနိုင် (Y.R.E.O FC)၊ ခင်ဌေးကြိုင် (Sports and Education FC)၊ ဒီဇင်ဘာနှင်း (သစ္စာအားမာန် အက်ဖ်စီ)၊ ကြယ်စင် (ISPE FC)၊ ဖြူဖြူဝင်း (မြဝတီအက်ဖ်စီ)၊ ဝေဖူးအိမ် (သစ္စာအားမာန်အက်ဖ်စီ)။
အလယ်တန်း – ဒေစီအောင်၊ နန်းချိုမွှေး (Y.R.E.O FC)၊ နှင်းပွင့်အေး၊ ဟေမာန်စိုး (ISPE FC)၊ ဇခါရိုရ်စီ (ကချင်ပြည်နယ်)၊ ကေသွယ်ဖြိုးဦး (အား/ကာသိပ္ပံ ရန်ကုန်)၊ ဝေဟင်ဖြိုး (Sports and Education FC)၊ စန္ဒာလင်း (အား/ကာသိပ္ပံ မန္တလေး)၊ မေသက်မွန်မြင့် (သစ္စာအားမာန်အက်ဖ်စီ)။
ရှေ့တန်း ဇင်မိုးပြည့်၊ ယုယနိုင် (Y.R.E.O FC)၊ ယဉ်လွန်းအိမ် (ISPE FC)၊ ယွန်းဝတီလှိုင် (အား/ကာသိပ္ပံ မန္တလေး)။