January 14, 2016 / By Admin
အာရှ ဘောလုံးအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သည့် အသက်(၁၄)နှစ်အောက် ဒေသတွင်း အမျိုးသမီးဘောလုံးပြိုင်ပွဲ ( AFC U-14 Girls’ Regional Championship)သို့ မြန်မာနိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲတွင် အာရှဇုန် (၄)ဇုန်ခွဲ၍ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စုစုပေါင်းအသင်း (၂၉)သင်း ပါဝင်ယှဉ်ပြိုင် သွားမည်။ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံဇုန်မှ ၀င်ရောက် ယှဉ်ပြိုင် မည်ဖြစ်ပြီး လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် နှင့် မြန်မာနိုင်ငံ အပါအ၀င် စုစုပေါင်း (၈)နိုင်ငံပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ၄င်းပြိုင်ပွဲကို ၂၀၁၆ခုနှစ် မေ ၂၆ မှ ၃၀ ရက်နေ့ထိ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ ကျင်းပပြုလုပ် သွားမည် ဖြစ်သည်။ ပွဲစဉ်ဇယားနှင့် ပြိုင်ပွဲအချက်အလက်များကို ဆက်လက် ဖော်ပြသွားပါမည်။