ပဏာမအသက် (၁၄)နှစ်အောက် လူငယ်လက်ရွေးစင်အသင်း စတင်ဖွဲ့စည်း

The MFF » latest news » ပဏာမအသက် (၁၄)နှစ်အောက် လူငယ်လက်ရွေးစင်အသင်း စတင်ဖွဲ့စည်း

February 25, 2016 / By Admin

မန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)အနေဖြင့်၂၀၁၉ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် အသက် (၁၇)နှစ်အောက် ကမ္ဘာ့ဖလား လူငယ်ဘောလုံးပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ပြီး အသက်(၁၄)နှစ်အောက် လူငယ်လက်ရွေးစင်အသင်းအား စတင် ဖွဲ့စည်းလေ့ကျင့်နိုင်ရန် စီစဉ်လျက်ရှိသည်။

ထို့အပြင် ယခုနှစ် ဇူလိုင်လအကုန်တွင် ဘရုနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အသက် (၁၄)နှစ်အောက် လူငယ်ဘောလုံးပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်နိုင်ရန်အတွက်ပါ ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။ ထိုကဲ့သို့ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ် ဒီဇင် ဘာလ (၂၆)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျင်းပခဲ့သော MFF U-14 Boys 100 Plus Super Cup 2015 ပြိုင်ပွဲကျင်းပခဲ့ပြီး ယင်းပြိုင်ပွဲ ၀င် ဘောလုံး အကယ်ဒမီကျောင်းများမှ ပဏာမလက်ရွေးစင်လူငယ်ကစားသမား (၅၉) ဦးအား ရွေးချယ်ထားရှိသည်။

သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ အသင်းနည်းပြ(၂)ဦး ၊ လူငယ်ကစားသမား(၅၉)ဦးအနေဖြင့် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် ၂၀၁၆ခုနှစ် မတ်လ (၁)ရက်နေ့ (၁၀:၀၀) အချိန်တွင် MFF သို့လာရောက်သတင်းပို့ရမည်ဖြစ်သည်။

U-14-Player-1024x821

Tags

Leave a Reply

Your email address will not be published. Required fields are marked *