
တန်းတက်အသင်း Horizon က ဇွဲကပင်အသင်းကို (၃-၂)ဂိုးဖြင့်အနိုင်ယူ
January 27, 2016
ချင်းယူနိုက်တက်နှင့် သရေကျပြီးနောက် ကစားသမားများ၏ အားထုတ်မှုကို ရတနာပုံ နည်းပြချုပ် ဝေဖန်
January 27, 2016မြန်မာနေရှင်နယ်လိဂ်-၂ Ooredoo MNL II 2016 သို့ ယခုနှစ်တွင် ခြေစစ်ပွဲမှ တဆင့် တက်ရောက်လာသည့် စီးတီးစတား အသင်းနှင့် MNL-2 အသင်းဟောင်း ငွေကြယ်ပွင့်ကလေးများ အသင်းတို့ ဇန်နဝါရီလ ၁၆ရက်နေ့ ညနေ ၃နာရီခွဲ က ရန်ကုန်မြို့ ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြပြီး တိုက်စစ်မှူး လှသူ၏ ဟက်ထရစ် ဖြင့် ငွေကြယ်ပွင့် အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။
စီးတီးစတား အသင်းသည် ငွေကြယ်ပွင့်အသင်းဘက်သို့ ပွဲစတင်သည်နှင့် ဖိအားပေးကစားခဲ့ပြီး ပွဲချိန် ၁ဝမိနစ်အတွင်း အပိုင်အခွင့်အရေး ၂ကြိမ်ခန့် ရရှိသော်လည်း အဆုံးသတ် မသေချာခဲ့ပေ။ ငွေကြယ်ပွင့်အသင်းသည် တန်ပြန်တိုက်စစ်မှတဆင့် စီးတီးစတားအသင်း ဘက်သို့ထိုးဖောက်ရန် ကြိုးစားခဲ့သော်လည်း စီးတီးစတား နောက်ခံလူများ အကောင်းဆုံးကာကွယ်နိုင်ခဲ့သည်။
စီးတီးစတားအသင်း တိုက်စစ်မှူး လှသူ ပွဲချိန် ၁၆မိနစ်တွင် ဘယ်တောင်ပံမှ ဖြတ်တင်ပေးပို့သည့်ဘောလုံးကို ထိန်းကာဂိုးသမားကို ဘယ်ခြေဖြင့် အသာအယာ ကျော်သွင်းပြီး စီးတီးစတား အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီးငွေကြယ်ပွင့်အသင်းမှ တိုက်စစ် ကစားသမား ကျော်ဖြိုးဦးကို စီးတီးစတား နောက်ခံလူ ချစ်မင်းအောင် ဖြတ်ထုတ်ပုံ ကြမ်းတမ်းခဲ့သည့်အတွက် ပွဲချိန် ၂၄ မိနစ်တွင် ငွေကြယ်ပွင့်အသင်း ပင်နယ်တီကန်ခွင့်ရခဲ့ပြီး စည်သူသန်းစိုးက အမှားအယွင်းမရှိကန်သွင်းကာ ငွေကြယ်ပွင့် အသင်း အတွက် ချေပဂိုး ရယူပေးခဲ့သည်။
ပထမပိုင်းလက်ကျန်ပွဲချိန်များတွင် စီးတီးစတားအသင်း တိုက်စစ်ဆင်မှု ပိုမိုများပြားခဲ့ပြီး အဖွင့်ဂိုးသွင်းယူခဲ့သည့် လှသူကပင် ၃၇မိနစ် နှင့် ၄၅ မိနစ်တို့တွင် ၂ဂိုးထပ်မံသွင်းယူနိုင်ခဲ့သည့်အတွက် မြန်မာနေရှင်နယ်လိဂ်-၂ အတွက် ဒုတိယမြောက် ဟက်ထရစ် သွင်းဂိုးရှင် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ငွေကြယ်ပွင့်အသင်း ဒုတိယပိုင်းတွင် ကစားပုံပိုမို ကောင်းမွန်ခဲ့သော်လည်း ပွဲချိန် မိနစ်၆ဝ တွင် ပြစ်ဒဏ်ဘောမှ တဆင့် ရဲထွဋ် ချေပဂိုး ၁ဂိုးသာ သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် စီးတီးစတားအသင်း ၃-၂ဂိုးဖြင့် အနိုင်ရခဲ့သည်။
Media Officer-Tripper ရေးသားသည်။




