ဆူဇူကီးဖလား အုပ်စုခွဲဝေမှုတွင် မြန်မာအသင်း အုပ်စုကျပ်အတွင်း ကျရောက်~အဖွင့်ပွဲတွင် မြန်မာအသင်း ဗီယက်နမ်နှင့် ကစားရမည်
August 2, 2016ဆူဇူကီးဖလားတွင် အုပ်စုမှ လွတ်မြောက်နိုင်ရန် အခွင့်အရေးကောင်းများရှိဟု နည်းပြချုပ် သုံးသပ်
August 8, 2016ရော်ဂျာ
(မြန်မာ့လက်ရွေးစင်အသင်းနည်းပြ)
တကယ့်ကို ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ပွဲပါ။ နှစ်သင်းစလုံးဟာ အသင်းကောင်းတွေပါ။ ပထမပိုင်း မိနစ် ၃ဝအထိခံစစ်ကစားခဲ့တယ်။ နောက်ပိုင်း ကစားပုံပြောင်းခဲ့တယ်။ ကျွန်တော်တို့အသင်းအနေနဲ့ ခံစစ်ကနေ တိုက်စစ်ကို ကူးပြောင်းတဲ့နေရာမှာ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ ချေပဂိုးတင်မကပဲ အနိုင်ဂိုးပါသွင်းပြီး အနိုင်ရလုနီးပါးဖြစ်ခဲ့တယ်။ ဂိုးရပြီးတဲ့အချိန်မှာ ကစားသမားတွေ ယုံကြည်မှုရှိလာခဲ့တယ်။
ဒါပေမယ့် နှစ်ဝါတစ်နီ နဲ့ တစ်ယောက်ထုတ်ခံခဲ့ရပါတယ်။ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းပြောချင်ပြီး ကျွန်တော့် ကစားသမားတွေလဲ ကစားတဲ့နေရာမှာ ပိုမို အာရုံစူးစိုက်ဖို့လိုပါတယ်။
Reuners Roger
(Head Coach of Myanmar)
It’s very good semi-final match because both team are good. We played defensive in the first of the game. But I changed the tactic at 30 mins. We have problem in transition from defence to attack. In second half, we got one goal back and we got confident. And then we got equalizer and we even lead the game. But one of my players got second yellow card and sent off. Our players need to take care in details. I want to thanks Myanmar people. I never saw that spectators were full of the stadium in women’s game.
————————-
မိုင်ဒုချွမ် (ဗီယက်နမ်အသင်းနည်းပြ)
ပထမပိုင်းမှာ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ၂ဂိုးထိ သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကစားသမားတွေအနေနဲ့ စိတ်လှုပ်ရှားပြီး အမှားအယွင်းတွေ ရှိခဲ့ပါတယ်။ ပယ်နယ်တီမှာတော့ ကျွန်တော်တို့ ကံကောင်းခဲ့ပါတယ်။ မြန်မာအသင်းဟာ အသင်းကောင်းတစ်သင်းပါ။ လာရောက်အားပေးကြတဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်။ အမျိုးသမီးပွဲတွေမှာ ပရိသတ်များများရှိဖို့ လိုအပ်ပါတယ်။ ဒီနေ့ ပရိသတ်တွေ ကွင်းလုံးပြည့် အားပေးခဲ့ကြတာကို ကျွန်တော့်အနေနဲ့ အံ့ဩမိပါတယ်။
Mai Duc Chung
(Head Coach of Vietnam)
We can play well in first half and score 2 goals. But our players were nervous in second half. We are lucky in penalty kicks. Myanmar is a good team. Thanks Myanmar people because Women’s matches need more spectators and today I’m amazed about the fans.