ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကျင်းပ
December 8, 2016မြန်မာနှင့်ထိုင်း ပွဲစဉ်တွင် လက်မှတ်မှောင်ခိုများ၊ ရမ်းကားဆူပူသူ အချို့နှင့် တုတ်/ဓား လက်နက် သယ်ဆောင်သူများအား ဖမ်းဆီးထိန်းသိမ်းခဲ့
December 8, 2016FIFA MA Grassroots Football Festival 2016 လူငယ်ဘောလုံးပွဲတော်ကို ဒီဇင်ဘာလ ၅ ရက်နေ့ မနက် (၈) နာရီခွဲတွင် ရှမ်းပြည်နယ်တောင်ကြီးမြို့ပြည်နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထန်အိတ်၊ ရှမ်းပြည်နယ်ဘောလုံးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးမောင်လွင်ကြီး၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ သင်တန်းနည်းပြဆရာ Mr. Lim Kim Chon တို့မှ နှုတ်ခွန်းဆက်စကား အသီးသီးပြောကြားခဲ့သည်။ ထို့နောက် လူငယ်ဘောလုံးပွဲတော်ကို ကျင်းပရာ ရှမ်းပြည်နယ် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ (၁၂၀) ဦး ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့နောက် FIFA MA Grassroots Coaching Course 2016 သင်တန်းဆင်းပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ FIFA Instructor Mr. Lim Kim Chon ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်နှင့် တာဝန်ရှိသူများ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။ အဆိုပါသင်တန်းကို သင်တန်းသား သင်တန်းသူ ၂၉ ဦး တက်ရောက်သင်ကြားခဲ့ကြသည်။