
အာဆီယံချန်ပီယံရှစ် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲ တက်ရောက်
January 27, 2017
National Football Academy (Yangon)
February 10, 2017အာဆီယံချန်ပီယံရှစ် ဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ထိုင်းအသင်းက ၈ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့သော်လည်း ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။
ဗိုလ်လုပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းက ဒုတိယငွေတံဆိပ်ဆုကို လက်ခံရယူခဲ့သည်။ ထို့အပြင် ဂိုးသွင်းအများဆုံးဆုကို မြန်မာအသင်းမှ ပြည့်ဖြိုးမောင်က ထိုင်းအသင်းမှ အိုစမန်မူဆာ နှင့် သွင်းဂိုး(၈)ဂိုးစီသွင်းယူပြီး ပူးတွဲရရှိခဲ့သည်။




