ရုရှားနိုင်ငံတွင် ကမ္ဘာ့ဖလားမတိုင်မီ ကျင်းပမည့် လူငယ်ဘောလုံးပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအဖွဲ့အား ရုရှားသံအမတ်ကြီး တွေ့ဆုံအားပေး
May 30, 2018အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲစဉ်များ ထွက်ပေါ်
May 30, 2018မြန်မာ့လက်ရွေးစင် ယူ-၁၆ အမျိုးသမီး အသင်းယှဉ်ပြိုင်ကစားရမည့် အာရှယူ-၁၆ ခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်များ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အမျိုးသမီး အသင်းသည် ယင်းခြေစစ်ပွဲတွင် အုပ်စု(င)တွင် မလေးရှား၊ ဖိလစ်ပိုင်၊ ဆီးရီးယား၊ နီပေါအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
ယင်းခြေစစ်ပွဲစဉ်များကို စက်တင်ဘာလ ၁၅ ရက်နေ့မှ ၂၃ ရက်နေ့အထိ နီပေါနိုင်ငံတွင် ကျင်းပမည် ဖြစ်ပြီး မြန်မာအသင်း သည် အုပ်စု အဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် မလေးရှား အသင်း၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် အိမ်ရှင် နီပေါအသင်း၊ စက်တက်ဘာလ ၂၁ ရက်နေ့တွင် ဆီးရီးယား အသင်း၊ စက်တင်ဘာ ၂၃ ရက်နေ့တွင် ဖိလစ်ပိုင် အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
ယင်းခြေစစ်ပွဲ ပထမအဆင့်ပွဲစဉ်များကို အုပ်စု ၆ ခုခွဲ၍ ယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီး အုပ်စု ပထမ ခြောက်သင်းနှင့်အကောင်းဆုံး အုပ်စု ဒုတိယ နှစ်သင်းတို့သည် ဒုတိယအဆင့် ခြေစစ် ပွဲများ ထပ်မံ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။