
FIFA Football for Schools Lights Up Mandalay!
June 12, 2026




မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) မှ ကြီးမှူး၍ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုထွန်းကားလာစေရန်နှင့် ပြည်တွင်းပြည်ပ ဘောလုံးပွဲစဉ်များကို စနစ်တကျ တာဝန်ယူဆောင်ရွက်နိုင်မည့် ပြိုင်ပွဲကြီးကြပ်သူ Match Commissioner (MC) များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် AFC-MFF MC Seminar and LOC Workshop မှာ ယနေ့ညနေပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါသည်။ တက်ရောက်ခဲ့ကြသူများအား အာရှဘောလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် တာဝန်ရှိသူများမှ Certificate များအသီးသီး ဂုဏ်ပြုပေးအပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းကို ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း သတင်းစာရှင်းလင်းပွဲခန်းမ၌ ဇွန်လ ၁၂ ရက်မှ ၁၃ ရက်အထိ နှစ်ရက်ကြာ စာတွေ့၊ လက်တွေ့ စနစ်တကျ ပို့ချခဲ့ခြင်း ဖြစ်ပြီး သင်တန်းသား/သူ စုစုပေါင်း ၄၆ ဦး တက်ရောက်ခဲ့ကြသည်။ သင်တန်းတွင် အာရှဘောလုံးအဖွဲ့ချုပ်မှ ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူနှင့် သင်တန်းနည်းပြဆရာ Mr. Brian See Mei Chiat က အနီးကပ် လေ့ကျင့်သင်ကြား ပို့ချပေးခဲ့ပါသည်။