
AFC “A” COACHING CERTIFICATE COURSE သင်တန်းသားများ ခေါ်ယူခြင်း
June 6, 2018
မြန်မာယူ-၁၉ အသင်း စင်ကာပူ ကလပ် ALBIREX NIIGATA နှင့် ပူးတွဲလေ့ကျင့်ပြီး စင်ကာပူ ယူ-၂၃ အသင်းနှင့် ခြေစမ်းမည်
June 8, 2018၂၀၁၈ ခုနှစ်အတွင်း ပြိုင်ပွဲများ ယှဉ်ပြိုင်ရန် အတွက် စခန်းသွင်းလေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နှင့် သက်တမ်းအလိုက် (ယူ-၁၉၊ ယူ-၁၆) အမျိုးသမီး လက်ရွေးစင်အသင်းများ ကို ယနေ့ ဇွန်လ ၆ရက်နေ့၊ နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် မှ တွေ့ဆုံခဲ့သည်။
” မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၊ သက်တမ်းလိုက်အသင်းတွေအနေနဲ့ ဒီနှစ်ထဲမှာ အာဆီယံ၊ အာရှ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖို့ရှိပါတယ်။ ယှဉ်ပြိုင်ကြတဲ့အသင်းတွေအနေနဲ့ ပြိုင်ပွဲမှာ အနိုင်ရရှိရင် မြန်မာ့အမျိုးသမီးဘောလုံးအဆင့်အတန်း၊ နိုင်ငံဂုဏ်သိက္ခာကို မြှင့်တင်နိုင်မှာဖြစ်လို့ အခုထက်ပိုပြီး အဆပေါင်းများစွာကြိုးစားအားထုတ်ဖို့လိုပါတယ်။ ဘောလုံးမှာ ပုဂ္ဂိုလ်ရေးတွေကိုမေ့ပြီး အသင်းအောင်မြင်ဖို့အတွက်ကိုပဲ အာရုံ အပြည့်အဝစိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ နိုင်ငံအတွက် စဉ်းစားမယ်ဆိုရင် တစ်ဦးတစ်ယောက်ရဲ့ ဆန္ဒတွေဟာ သေးသေးလေးဖြစ်သွားမှာပါ။ ဥက္ကဌ အပါအဝင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေ အနေနဲ့လည်း လိုအပ်တာတွေကို ဖြည့်တည်းဆောင်ရွက်ပါမယ်။ အာဆီယံချန်ပီယံရှစ် နဲ့ အာရှပွဲစဉ်တွေမှာ မြန်မာအမျိုးသမီးအသင်းတွေ အောင်မြင်မှုရတာကို မြင်ချင်ပါတယ်။ ဒါကြောင့် ကစားသမား၊ နည်းပြနဲ့ တာဝန်ရှိသူတွေအားလုံး ကြိုးစားပေးစေချင်ပါတယ်။ ” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် မှ ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၁၈ ဂျူလိုင်လတွင် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် ယူ၁၉ အသင်းသည် ၂၀၁၈ အောက်တိုဘာလတွင် AFC U-19 Women’s Championship Qualification ပြိုင်ပွဲယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ယူ၁၆ အမျိုးသမီးအသင်းသည် ၂၀၁၈ စက်တင်ဘာလ၊ နီပေါနိုင်ငံတွင် AFC U-16 Women’s Championship ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။




