
မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း နည်းပြချုပ်သစ် စာချုပ်ချုပ်ဆိုခြင်းနှင့် သတင်းစာရှင်းလင်းပွဲ ကျင်းပ
July 9, 2026မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေး(၂/၂၀၂၆)ကို ဩဂုတ် ၂၄ ယနေ့မနက် (၁၀နာရီ)က Novotel Yangon Max Hotel တွင် ကျင်းပခဲ့သည်။
အစည်းဝေးသို့ အာရှဘောလုံးအဖွဲ့ချုပ်အကြီးတန်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မြန်မာနေရှင်နယ်လိဂ်ကော်မတီ နာယက ဦးဇော်ဇော်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်မှ အသင်းပိုင်ရှင်များ၊ ဥက္ကဋ္ဌနှင့် စီအီးအိုများ၊ မန်နေဂျာများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေး မစတင်မီတွင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားသည့် လက်ရွေးစင် ကစားသမားဟောင်းများ၊ ဒိုင်လူကြီးဟောင်းများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ခဲ့သည်။
အစီအစဥ်အရ ဦးဇော်ဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ရာ မြန်မာအမျိုးသမီးလိဂ် စတင် အကောင်ထည်ဖော်ပေးခဲ့သူများ၊ လက်ရှိတာဝန်ယူနေသည့် အသင်းပိုင်ရှင်များ၊ တာဝန်ရှိသူများနှင့် အားပေးနေသည့် ပရိသတ်များအား ကျေးဇူးတင်ရှိပါကြောင်း၊ ပြိုင်ပွဲကျင်းပနေသည့် ဘောလုံးကွင်းများကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း အသက် ၁၄ နှစ် ကျောင်းပေါင်းစုံပြိုင်ပွဲ (School Football) အစီအစဉ် ပြုလုပ်မည်ဖြစ်သည့်အပြင် U15 Girls League ပြိုင်ပွဲကျင်းပနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ကလပ်အသင်းများ တိုးတက်လာသည့်အတွက် လေ့ကျင့်ရေးကွင်းများ ပိုမိုပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကလပ်များအနေဖြင့် သတ်မှတ်ထားသည့် Club Licensing Criteria များ ဆောင်ရွက်ရန်နှင့် Scouting အဖွဲ့များ ထားရှိရန် လိုအပ်ကြောင်း၊ ကစားသမားစာချုပ်များကို ပွင့်လင်းမြင်သာစွာ ချပြနိုင်ရန် လိုအပ်ပါကြောင်း၊ Match Fixing နှင့်ပတ်သက်၍ တင်းတင်းကြပ်ကြပ်ဆောင်ရွက်ရန်နှင့် တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်အတွက်ပြင်ဆင်ထားရန် လိုအပ်ပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ လိဂ်ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲကျင်းပရေး အခြေအနေများကို တင်ပြခဲ့ကြပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးအတည်ပြုချက်အရ လာမည့် ဘောလုံးရာသီတွင် M League ချန်ပီယံအသင်းအား Ranking Subsidy ၂၀၀၀ အထိတိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကာ အဆင့်၁မှ ၁၂အထိ အသင်းများအား ရပ်တည်မှုအလိုက် Ranking Subsidy ချီးမြှင့်သွားမည်ဖြစ်သည်။ ထို့အတူ ပြိုင်ပွဲတစ်ပွဲချင်းစီ၌ အကောင်းဆုံးကစားသမားဆုရရှိသူအား ယခင် ဆုကြေးငွေကျပ် သုံးသိန်းမှ ဆယ်သိန်းအထိ တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး လိဂ်-၂ ပြိုင်ပွဲတွင်လည်း အကောင်းဆုံးကစားသမားဆု ရရှိသည့် သူအား ယခင် ဆုငွေ ကျပ်တစ်သိန်းမှ ၅သိန်းတိုးမြှင့်သွားမည်ဖြစ်သည်။ ထို့အပြင် M League အတွက်တစ်ရာသီဂိုးသွင်းအများဆုံးကစားသမားအား ယခင်ဆုကြေးငွေကျပ်သိန်းငါးဆယ်မှ သိန်းတစ်ရာအထိတိုးမြင့်ထားပြီး လိဂ်-၂ဂိုးသွင်းအများဆုံးကစားသမားအား ယခင်သိန်းသုံးဆယ်မှ သိန်းငါးဆယ်အထိတိုးမြင့်သွားမည်ဖြစ်သည်။
ဆက်လက်၍ မွန်းလွဲ(၁:၀၀) တွင် M League Logo Launching နှင့် Official Partnership Signing Ceremony အခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ အာရှဘောလုံးအဖွဲ့ချုပ်အကြီးတန်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ နာယက ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းသိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်မှ ကလပ်အသင်း ပိုင်ရှင်များ၊ ဥက္ကဋ္ဌများ၊ စီအီးအိုများ၊ မန်နေဂျာများ၊ ကစားသမားများ၊ Partnership ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့သည်။
အခမ်းအနား အစီအစဥ်အရ M League လိုဂိုအသစ်ကို ပါဝင်ယှဉ်ပြိုင်မည့် ကလပ်အသင်း (၁၂)သင်းမှ ကစားသမားများနှင့်အတူ မိတ်ဆက်ခဲ့သည်။ ထို့နောက် M League နှင့် Partnership ကုမ္ပဏီများ စာချုပ်လက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။
ယင်းနောက် Press Conference အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး တက်ရောက်လာသည့် သတင်းနှင့်စာနယ်ဇင်းမီဒီယာများ၏ မေးမြန်းမှုများကို မြန်မာလိဂ်ကော်မတီဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ်တို့မှ ဖြေကြားပေးခဲ့သည်။




