MFF U-12 BOYS’ STATES & REGIONS TOURNAMENT 2018 ပြိုင်ပွဲကျင်းပမည်
November 28, 2018လူငယ်မျိုးဆက်သစ် ဖူဆယ်ဒိုင်လူကြီးသင်တန်း ၂၀၁၈၊ သင်တန်းဆင်းပွဲ ကျင်းပ
December 4, 2018မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်၍ ကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၂ ဘောလုံးပြိုင်ပွဲ MFF U-12 Boys’ States & Regions Tournament 2018 ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်၊ နံနက် ၈း၀၀ နာရီက မြန်မာဘောလုံး အကယ်ဒမီ (ရန်ကုန်) မြက်ခင်းတုကွင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူများ၊ ကစားသမားများ တက်ရောက်ခဲ့ကြသည်။ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် ပြိုင်ပွဲ အဖွင့်ပွဲစဉ်များအဖြစ် အုပ်စု (က)မှ အသင်းများ ယှဉ်ပြိုင်ကစားကြရာ ကရင်နှင့်ဧရာဝတီတို့ သုံးဂိုးစီသရေကျခဲ့ပြီး ပဲခူးက ကယားကို ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။
MFF U-12 Boys’ States & Regions Tournament 2018 ပြိုင်ပွဲ၏ အုပ်စု ပွဲစဉ်များကို ဒီဇင်ဘာ ၁ ရက်မှ ၈ ရက် အထိ မနက် ၈ နာရီတွင် နှစ်ပွဲ ညနေ၄ နာရီတွင် နှစ်ပွဲ၊ တစ်ရက်လျှင် လေးပွဲနှုန်းဖြင့် ကျင်းပသွားမည် ဖြစ်ပြီး ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်များကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အထက်ပါ အချိန်များအတိုင်း ကျင်းပ သွားမည်ဖြစ်သည်။ ဆီမီးဖိုနယ် ပွဲစဉ်များကို ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေ ၄ နာရီတွင် ကျင်းပသွားမည် ဖြစ်သည်။ ဖိုင်နယ် ပွဲစဉ်ကိုမူ ဒီဇင်ဘာ ၁၄ ရက် ညနေ ၄ နာရီတွင် ကျင်းပသွားမည် ဖြစ်သည်။ထိုပြိုင်ပွဲတွင် ပထမဆု ရရှိသည့် အသင်းကို ဆုကြေးငွေ ကျပ် ၁၅သိန်း ၊ ဒုတိယ ဆု ရရှိသည့် အသင်းကို ဆုကြေးငွေ ကျပ် ၁၀ သိန်း၊ ပူးတွဲ တတိယ ရရှိသည့် အသင်းများကို ဆုကြေးငွေ ကျပ်၅ သိန်းစီနှင့် အကောင်းဆုံး ကစားသမားဆုနှင့် ဂိုးသွင်းအများဆုံး ဆု ရရှိသူများကို ဆုကြေးငွေ ကျပ် ၁ သိန်းစီ ချီးမြှင့်သွားမည် ဖြစ်သည်။